ရန်ဖြစ်နေတဲ့ အုပ်စုထဲက ရိပေါ်ကို အတင်းဆွဲထုတ်လို့ ကန်တင်းနဲ့ ဝေးရာကို ဆွဲခေါ်ခဲ့တယ်... ဒီလိုနေရာမှာ သူတို့နှစ်ဦးလုံး မရှိသင့်တော့ဘူးလို့ ရှောင်းကျန့်က ထင်တယ်..
လူရှုပ်တဲ့နေရာတွေကို ရှောင်ရင်းရှားရင်း လမ်းမှာတင် မိုးရွာလာလို့ ရိပေါ်ရဲ့ လက်ကောက်ဝတ်ကို ဆွဲလို့ မိုးခိုဖို့ပြေးရပြန်တယ်...
နှစ်ဦးအလုံအလောက် မိုးခိုနိုင်တဲ့နေရာရောက်တော့ ရိပေါ်က စိတ်ပျက်လက်ပျက် စကားစတယ်..
"ဒီကောင်တွေကြောင့် နေ့လည်စာတော့ပျက်ပါပြီ.."
အဲဒီ့နောက် ဘာပြောရမှန်းမသိကြပါပဲ လေထုက တိတ်ဆိတ် အေးစက်စပြုတယ်... နေရခက်တဲ့ အခြေအနေကို ရှောင်ကျန့်က စကားစလို့ဖြိုခွင်းတယ်..
"ရိပေါ်..."
"အယ်... နောက်ဆုံးတော့ ကျွန်တော့်ကို ရင်းရင်းနှီးနှီးခေါ်ပြီပဲ..."
"အ... အဲ့ဒါက ရိပေါ်လည်း အစ်ကို့မျိုးရိုးနာမည်ပဲ ခေါ်တာမို့လေ..."
"စောစောကပဲ ခေါ်လိုက်တယ်လေ...
အစ်ကိုထွက်သွားတုန်းက ကျန့်ကော ဆိုပြီး ခေါ်လိုက်တာ.."
အမြဲ စီနီယာရှောင်း၊ အကိုရှောင်း၊ ရှောင်းကျန့် လို့ခေါ်ကြတာပဲ ကြားဖူးတာမို့ ရိပေါ်ခေါ်လိုက်တဲ့ ကျန့်ကော ဆိုတာကို သဘောကျလို့ရယ်မိပါတယ်...
"အယ်... ကျန့်ကော ရယ်လိုက်တာလား??"
"မ မ မဟုတ် မဟုတ်ပါဘူး... မရယ်လိုက်ပါဘူး"
"ရယ်လိုက်ပါတယ်နော်.."
"ရိပေါ်ကတော့ များသောအားဖြင့် ရယ်နေတာပဲနော်.. ရိပေါ်ရယ်သံကို ခဏခဏ ကြားရတယ်.."
"ကျွန်တော် အဲ့လောက်တောင် ရယ်နေတာလား??"
"အင်း... မကြာခဏပဲ..."
"ကျွန်တော်က ကိုယ့်ကိုယ်ကို အမြဲ စိတ်ပျက်နေတဲ့ပုံ လို့ထင်နေတာ.."
"ဒါနဲ့.. စောစောကလူတွေနဲ့ ကိစ္စ... ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ??"
"ဟင်??"
"ရိပေါ်နဲ့ မဆိုင်တာမို့... မသိသလိုနေလိုက်လည်း ဖြစ်ရဲ့သားနဲ့.. ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုလည်း မကြားနိုင်တာပဲမို့..."
YOU ARE READING
Except Your VOICE (Completed)
FanfictionUnicode အကြားအာရုံ ချို့ယွင်းနေတဲ့ကောင်လေး ကြားရတဲ့ တစ်ခုတည်းသော ရှင်းလင်းတဲ့ အသံပိုင်ရှင် ကောင်လေး... လူတွေရဲ့ဖယ်ကျဉ်ခြင်းခံရပြီးနောက် လူတွေနဲ့ဝေးရာဆီမှာ နေတတ်လာတဲ့ကောင်လေးဆီ ပွင့်လင်းပြီး အပေါင်းအသင်းများတဲ့ ကောင်လေးက ဝင်ရောက်လာတဲ့အခါ.... Zawgyi အ...
