PART 5(Unicode)

3K 370 5
                                        

စားပွဲခုံကို ဒုန်းခနဲ ထုချလိုက်တဲ့ ရိပေါ်ကို မိန်ဟွားက နားမလည်သလိုမေးတယ်..

"ဘာဖြစ်လို့လဲ" တဲ့...

လူတွေကတရားလွန်တယ်...

"ကျန့်ကောက sign language နဲ့‌မပြောလဲ လူတွေနဲ့ ကောင်းကောင်းပြောနိုင်တယ်.. လုံးဝမကြားနိုင်တာ မဟုတ်ဘူးလို့ ပြောပြီးပြီလေ.. သူ့ကိစ္စကို ဘာမဆို သူကိုယ်တိုင် လုပ်နိုင်တယ်..
မင်းဖတ်ထားတဲ့ ဇာတ်လမ်းထဲက  ဇာတ်ကောင်နဲ့ လာမရောနဲ့.. "

ရိပေါ်က ဒီလိုဆိုပေမယ့် မိန်ဟွားက ရိပေါ်ရဲ့ ဒေါသသံကြောင့် အခုချိန်ထိ လိပ်ပြာမကပ်သေးသလို စကားတစ်ခွန်းကိုပဲ တစ်တွတ်တွတ်ရွတ်တယ်..

"ဆောရီး.."

"မင်းအတွက်တော့ ဇာတ်လမ်းတစ်ပုဒ်ဆိုပေမယ့်.. ကျန့်ကောက လက်တွေ့ ခံစားနေရတဲ့လူ.. စကားကို မဆင်မခြင်ပြောတာ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ မိန်ဟွား!!!"

ဘယ်လိုစိတ်နဲ့ ရိပေါ်က မိန်းကလေးတစ်ယောက်ကို ကော်ဖီဆိုင်မှာ အော်နေမိမှန်း မသိပေမယ့် ကျန့်ကောအကြောင်း နားမလည်ပဲ မဆင်မခြင် ပြောတာတွေကို တစ်ကယ်မကြိုက်ဘူး...
✨✨✨

"အိမ်ပြန်ရောက်ပါပြီ.."

"...."

"အဘိုးရေ..."

"...."

"အိမ်မှာ မရှိဘူးလား.."

အသံပြန်မပေးလာလို့ အခန်းထဲ ဝင်ကြည့်မှ စားပွဲပေါ်က စာရွက်အပြန့်လိုက်လေးဆီ မျက်စိကရောက်တယ်...

သူငယ်ချင်းတွေနဲ့ ခရီးထွက်သွားပါကြောင်း အသိပေးစာ...

အဘိုးကအဲ့လိုပဲ ဘယ်တော့မှ မသွားခင်ပြောမသွားဘူး... ဒီနေ့ ဘာတွေဖြစ်နေမှန်းကို ရိပေါ်မသိတော့ဘူး...

အဝတ်အစားတောင်မလဲနိုင်တော့ပဲ ကြမ်းပြင်မှာပဲ ခြေဆင်းလို့ လှဲအိပ်တယ်...

"ငါဘာလို့ စောစောက အဲ့လိုတွေပြောလိုက်မိတာလဲ??? ဘယ်သူကရော ကျန့်ကောအတွက် ငါဒီလိုတွေ ပြောလိမ့်မယ် ထင်မှာလဲ???"

ကျန့်ကော ပြုံးနေရယ်နေတာ ကိုပဲ လိုချင်ခဲ့ရုံပါ..

နှဖူးပေါ် လက်တင်ရင်း ဒီနေ့အတွက် ဘယ်နှကြိမ်မြောက်မှန်း မသိတော့တဲ့ သက်ပြင်းမောကို ရှိုက်ထုတ်တယ်... ဒီရက်ပိုင်း ကိုယ့်ကိုယ်ကို နားလည်နိုင်စွမ်းတွေလည်း ကျဆင်းလို့နေပုံရပါတယ်...

Except Your VOICE (Completed)Where stories live. Discover now