"အာ.... ဒီနေ့က ရိပေါ် note မှတ်ပေးရမယ့် အချိန် မရှိဘူးပဲ...."
တစ်ချက်ကလေး မေ့သွားလိုက်တာ...
စာသင်ခန်းနံရံမှာ ကပ်ထားတဲ့ အချိန်ဇယားက ရှောင်းကျန့်ကို လှောင်နေသလိုပါပဲ...
အင်းးးး.... နောက်နေ့ပေါ့ နောက်နေ့...
အနည်းငယ်လောက်ကလေး ညို့မှိုင်းစပြုနေပြီဖြစ်တဲ့ စိတ်အစုံက အဆောင်ရှေ့က ဖြတ်လျှောက် သွားတဲ့ ရိပေါ်ကိုမြင်လိုက်မှ သူ့ရဲ့ တိမ်းညွတ်ရာလေးကို တွေ့လိုက်သလို ပြန်လည် လန်းဆန်းလို့လာတယ်...
"ရိ...."
လှမ်းခေါ်မလို့ ပြင်နေတဲ့ စကားသံက ရိပေါ်ရဲ့ သူငယ်ချင်းတွေလို့ ထင်ရတဲ့ ကောင်လေးတွေနဲ့ ရိပေါ်က ရွှင်လို့မြူးလို့ နှုတ်ဆက်နေတဲ့ မြင်ကွင်းမှာ အတိရပ်တန့်ခဲ့ပါတယ်...
ဟက်... သူမေ့နေတာ... ရိပေါ်ကတော့ သူ့လိုမှမဟုတ်တာကို ... သူက ရိပေါ်ရဲ့ ဘဝထဲ ဝင်ရောလို့မရတဲ့ အပိုင်းအစတစ်ခုပဲကို...
ရိပေါ်မမြင်ခင်လှည့်ထွက်လို့ ဝေးရာကိုသွားဖို့ ကြိုးစားတယ်... ရိပေါ်သူငယ်ချင်းတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ စိတ်ရှုပ်ရမှာက ရိပေါ်ပါပဲ... သူကတော့ဖြင့် ချို့ယွင်းချက်နဲ့ လူလေ..
"အယ်... ကျန့်ကော"
လှည့်ထွက်သွားတဲ့ ကျောပြင်ကျယ်ဆီက ပုံမှန်မဟုတ်ခြင်းတွေကို ခံစားရတယ်...
သူ့ခြေတံရှည်ကြီးတွေ အားကိုးနဲ့ ခပ်ဝေးဝေးကို ရောက်နေပြီဖြစ်တဲ့ ကျန့်ကောနောက်က ပြေးလိုက်နေရတာ မသက်သာလှ...
"ကျန့်ကော!!! ကျန့်ကောလို့ဆို!!"
မှီစပြုလာပြီမို့ မှီရာပုခုံးကနေ ဆွဲလှည့်တော့လည်း သူမဟုတ်သလို ကြမ်းပြင်ကြီးကို ခေါင်းစိုက်လို့ မလှုပ်မယှက်... ဘာတွေများဖြစ်သလဲ ကျန့်ကောရယ်....
"ကျန့်ကော...စောစောက ဘာလုပ်တာလဲ??
မြင်ရဲ့သားနဲ့ ကျွန်တော့်ကို ရှောင်သွားတာ...
ကျွန်တော်ဝမ်းနည်းတယ်.."
"ဘာလို့လဲ?? ရိပေါ်က ဘာလို့ ဝမ်းနည်းတာလဲ??"
"ဘာကို ဘာလို့လဲ လဲ??"
YOU ARE READING
Except Your VOICE (Completed)
FanfictionUnicode အကြားအာရုံ ချို့ယွင်းနေတဲ့ကောင်လေး ကြားရတဲ့ တစ်ခုတည်းသော ရှင်းလင်းတဲ့ အသံပိုင်ရှင် ကောင်လေး... လူတွေရဲ့ဖယ်ကျဉ်ခြင်းခံရပြီးနောက် လူတွေနဲ့ဝေးရာဆီမှာ နေတတ်လာတဲ့ကောင်လေးဆီ ပွင့်လင်းပြီး အပေါင်းအသင်းများတဲ့ ကောင်လေးက ဝင်ရောက်လာတဲ့အခါ.... Zawgyi အ...
