ဒီလိုနဲ့ ရှောင်းကျန့်ရဲ့ နေ့စဉ် note taker အဖြစ် ရိပေါ်က ရောက်ရှိလို့လာတယ်... သူတို့တက္ကသိုလ်မှာ စိတ်ဝင်စားရင် ကြိုက်တဲ့ ဘာသာ ကြိုက်တဲ့ အတန်းမှာ ဝင်တက်လို့ရတဲ့ အခွင့်အရေးရှိတာက အသက်တစ်နှစ်လောက် ကွာတဲ့ သူတို့နှစ်ယောက်လုံးအတွက် ကံကောင်းခြင်းဖြစ်တယ်...
.
.
.
နေသာတဲ့မနက်ခင်း... အယ် ဟုတ်သေးဘူး... နေတော်တော်ကိုပူနေပြီဖြစ်တဲ့ နေ့လယ်ခင်းကြီး တစ်ခုမှာ ထုံးစံအတိုင်း နောက်ကျနေပြီဖြစ်တဲ့ ယွီပင်းက အတန်းနောက်က တိုးတိုးတိတ်တိတ် ခိုးဝင်ပါတယ်...
ခိုးဝင်လာတဲ့ ယွီပင်းရဲ့ အစီအစဉ်က အတန်းထဲမှာ စာအုပ်တစ်အုပ် ဘောပင်တစ်ချောင်းနဲ့ စာလိုက်မှတ်နေတဲ့ ရိပေါ်ကိုတွေ့လို့ အံ့ဩတကြီး အော်မိရာက ပျက်ပါတယ်... သူ့အော်သံကြောင့် တစ်တန်းလုံးလှည့်ကြည့်ကြတာ ဆရာအပါအဝင်..
ဆရာ့ကို မျက်နှာငယ်လေးနဲ့ သွားဖြဲပြတော့ မနိုင်ဘူးဆိုတဲ့ပုံနဲ့ မျက်စောင်းထိုးလို့ စာဆက်သင်တယ်... ဒီတော့မှ ယွီပင်းလည်း ခေါင်းကိုကုတ်လို့ ရိပေါ်နောက်မှာ ခပ်တိတ်တိတ် နေရာယူတယ်..
"ရိပေါ်.... မင်းက အတန်းလာတယ်??
မင်းအချိန်ပိုင်း အလုပ်မရသေးဘူးလား"
အချိန်ပိုင်းအလုပ်တွေနဲ့ လုံးလည်ချာလည် လိုက်နေတဲ့ ရိပေါ်ကို အတန်းတွေထဲမှာ တွေ့ရခဲတာမို့ ဒီမေးခွန်းကို မေးခြင်းဖြစ်တယ်...
"ငါအခု အလုပ်လုပ်နေတာပါနော်"
ပြုံးစိစိနဲ့ပြောလာတဲ့ ရိပေါ်ကို ယွီပင်းက နားမလည်ဘူး...
"အလုပ်??? ဘာအလုပ်လဲ??"
" Note taker လေ"
"မဟုတ်မှလွဲရော မင်း စီနီယာရှောင်းအတွက် လုပ်ပေးနေတာ...."
"ဟုတ်တယ်လေ"
" Volunteer လိုမျိုးပဲမလား... အချိန်ပိုင်းအလုပ်လို့မှ ခေါ်လို့မရပဲ"
"အင်း... ငါလည်းအစက အချိန်ပိုင်းပဲ ရှာလုပ်တော့မလို့...
ဒါပေမယ့် သူက ရေရှည်အတွက် လူလိုနေတာလေ...
လခအနေနဲ့က....... အတန်းတစ်ခုပြီးတိုင်း သူ့ထမင်းတစ်ဘူးစားရမှာကွ"
"ဒီလိုအလုပ်မျိုးဘယ်မှာမှ ရှာမရဘူးလေ...
နောက်ဆုံးတော့ ကံကောင်းခြင်းတွေ ငါ့အနားရောက်လာပြီပဲ.."
YOU ARE READING
Except Your VOICE (Completed)
FanfictionUnicode အကြားအာရုံ ချို့ယွင်းနေတဲ့ကောင်လေး ကြားရတဲ့ တစ်ခုတည်းသော ရှင်းလင်းတဲ့ အသံပိုင်ရှင် ကောင်လေး... လူတွေရဲ့ဖယ်ကျဉ်ခြင်းခံရပြီးနောက် လူတွေနဲ့ဝေးရာဆီမှာ နေတတ်လာတဲ့ကောင်လေးဆီ ပွင့်လင်းပြီး အပေါင်းအသင်းများတဲ့ ကောင်လေးက ဝင်ရောက်လာတဲ့အခါ.... Zawgyi အ...
