Chan Kai ပေးတဲ့ထန်းရည်ကိုကောက်မော့ကာ

" ပေါက်စလား ပေါက်စကတော့မင်းတို့သိတဲ့အတိုင်းအခုထိကလေးစိတ်ကိုမပျောက်သေးဘူး "

" အေးမင်းလည်းအလိုလိုက်ထား မင်းကိုရောင်းစားသွားလိမ့်မယ် "

" ဘယ်သူ့ကဘယ်သူ့ကို ရောင်းစားမှာလဲ အကိုMinseok "

" ဟာ ပေါက်စ "

" ဟာကလေး အယ် ညီတို့ ရောလား "

KS တို့သုံးယောက် အိမ်မှာပျင်းလို့ဆိုပြီးChanတို့နောက်လိုက်လာကြခြင်း။
KS တို့ဝင်ထိုင်လိုက်ကာ

" ကိုကို မကောင်းဘူး ကျွန်တော့်ကိုထားခဲ့တာ "

KS က ချွဲနွဲ့စွာဆိုလျှင်

" အော့ .... အော့"

" ချွဲတောင်ကပ်ချင်သွားပြီ အဟွတ်အဟွတ် "

Baek နဲ့ Chen ဆီက အသံတွေပေါင်းစုံထွက်လာသည်။

Kai တို့ကတော့ရီနေသည်။

" ​ေ-ွးကောင်တွေ အေးပေါ့လေ စိတ်ထားကောင်းတဲ့ငါလေးကပဲ နားလည်ပေးလိုက်ပါ့မယ် ချွဲချင်ရင်တောင် ရုံးပတေသီးအပြင်မရှိတဲ့ကောင်တွေဆိုတော့လဲ နော်ကိုကို "

" သဒေါင်းစား "

" ​ေ-ွးကောင် သေချင်နေတာ "

KS က Chan ရဲ့လက်မောင်းကိုဆွဲကာ ပြောလာတော့ Baek နဲ့ Chen ဆီက ဆဲသံတွေမိုးမွှန်အောင်ထွက်လာသည်။

" တွေ့လား အကိုတို့ အကိုတို့မို့ အဲ့အရိုင်းအစိုင်းနှစ်ယောက်ကိုကြိုက်တာ ကျွန်တော်သာဆို ထားခဲ့ပြီ "

" အရိုင်းတုံးလေးက ပိုချစ်ဖို့ကောင်းတာ ကလေးမှမသိပဲ "

" ရိုင်းတာပဲလေးပဲ ချစ်နေရတာကွ "

Kai က Baek မျက်နှာလေးကိုကြည့်ရင်း ပြောလာသလို Minseok သည်လည်း Chen ကို ကြည့်ကာပြောလာသည်။ Baek နဲ့ Chen မှာ ရှက်လို့ထင်ပါသည် မျက်နှာတွေရဲတက်လာကာ

" င ငါ ပြန်ပြီ ဟို ပြန် ပြန်လိုက်ပါအုံးမယ် "

ဆိုကာ Chen က ချက်ချင်းထပြန်သွားသည်။

Baek ကလည်း

" ဟို ကျွန်တော်လည်းပြန်ပြီ "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)حيث تعيش القصص. اكتشف الآن