ထိုတောင့်တင်းနေသည့်မျက်နှာဖြင့်အမျိုးသားဆရာကစကားပြောလို့ပြီးသွားသည့်အခါသူ့ရဲ့အညိုရောင်မျက်လုံးများဖြင့်တပည့်များအားဆက်ကြည့်နေလိုက်သည်။မည်သူမှနှုတ်ထွက်မယ်လို့မပြောကြသောအခါသူကဆက်ပြီးရှင်းပြလိုက်လေ၏။

"ပထမအဆင့်မှော်သားရဲကိုအမဲလိုက်နိုင်ရင်(၂)မှတ်...ဒုတိယအဆင့်မှော်သားရဲဆိုရင်(၁၀)မှတ်...တတိယအဆင့်မှော်သားရဲဆိုရင်အမှတ်(၅၀)ပြီးတော့တတိယအဆင့်ထက်မြင့်တဲ့မှော်သားရဲဆိုရင်တော့အမှတ်(၁၀၀)ရမယ်"

သူကခဏမျှရပ်လိုက်ပြီးမှဆက်ပြောလိုက်ပြန်သည်။

"တပည့်တိုင်းကိုမှော်ကဒ်ပေးထားမယ်တကယ်လို့မင်းတို့ကတစ်ခြားတပည့်တစ်ယောက်ရဲ့ကဒ်ကိုခိုးယူနိုင်ရင်မင်းတို့ရမှတ်ကို(၅၀)တိုက်ရိုက်ပေါင်းထည့်ပေးမယ်...တကယ်လို့မင်းတို့အန္တာရယ်ကြုံနေရပြီဆိုရင်အဲ့ဒီမှော်ကဒ်ကိုတိုက်ရိုက်ချိုးဖျက်နိုင်တယ်...ပျောက်ဆုံးတာဒါမှမဟုတ်ကျိုးပဲ့သွားတဲ့မှော်ကဒ်ကမင်းတို့ကိုဒီပြန်ရောက်လာအောင်အတင်းအကြပ်လုပ်လိမ့်မယ်...သေချာပေါက်အဲ့ဒါကလည်းမင်းတို့ရဲ့စိန်ခေါ်မှုကပြီးဆုံးသွားပြီလို့ညွှန်ပြနေတာပဲ...ပြီးတော့မင်းတို့ရဲ့ရမှတ်ကလည်းမင်းဒီကိုအတင်းအကျပ်ပြန်မရောက်လာခင်ဟာကိုပဲရေတွက်မှာ"

မူလကခိုင်မာသည့်မဟာမိတ်ဖွဲ့လိုသည့်လူငယ်များကဆရာ၏စကားကိုကြားပြီးနောက်သူတို့ခြေလှမ်းများကိုချက်ချင်းရပ်လိုက်ကြလေသည်။သူတို့ကတစ်ဦးနဲ့တစ်ဦးတွန့်ဆုတ်နေသောခံစားချက်အပြည့်ဖြစ်နေသည့်မျက်လုံးများဖြင့်ကြည့်မိကြတော့သည်။

အမှန်မှာတော့သူတို့ကလုံလောက်အောင်သန်စွမ်းမှုမရှိကြဘူးလေ...သူတို့မှော်ကဒ်ကိုခိုးယူခြင်းကလည်းအပိုအမှတ်တွေရရှိနိုင်တယ်ဆိုမှတော့သူတို့အားကိုးအားထားပြုမိတဲ့စွမ်းရည်ပြည့်တပည့်တစ်ယောက်ယောက်ကသူတို့ကိုပြန်တိုက်ပြီးသူတို့ကဒ်တွေကိုတိုက်ရိုက်ယူသွားမလားဆိုတာဘယ်သူကသိနိုင်မှာလဲလေ?

ထိုခဏမှာပဲခေါင်းဆောင်ကဆက်ပြောသည်။

"မင်းတို့မှော်ကဒ်ကိုရပြီးသွားပြီဆိုရင်မှော်အခင်းအကျင်းထဲဝင်လို့ရပြီ....ပြီးရင်မှာ်အခင်းအကျင်းကမင်းတို့အကုန်လုံးကိုမတူညီတဲ့နေရာအမျိုးမျိုးကိုပို့ပေးလိမ့်မယ်...သေချာပေါက်အခြေအနေကလုံခြုံမှုရှိမှာပါ...စမ်းသပ်မဲ့အချိန်ကာလကလဝက်ကြာမယ်ကျေးဇူးပြုပြီးဂရုစိုက်ကြပါ"

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now