စာစဉ် ၃၈ ( ၁ - ၈ )

Start from the beginning
                                    

“ဒီနေ့  ဒီနေရာမှာ မီဒီယာတွေနဲ့  မိတ်ဆွေအပေါင်းအသင်းတွေ အများကြီး ရှိနေတယ် ။ မင်းအဘိုးနဲ့ အဘွားက ဒီကိစ္စကို ဖုံးဖိပေး လိုက်မယ်ဆိုရင် နောင်မှာ ငါတို့  ရီ မိသားစု နဲ့ အင်ပါယာစကိုင်း အင်တာတိန်းမန့် က လူတွေကို ဘယ်လိုမျက်နှာပြရ တော့မလဲ ။ ဒီကိစ္စကို ငါတို့ ဖုံးဖိထားပေး လိုက်ရင် တခြားသူတွေက ငါတို့ ကုမ္ပဏီကို ဘယ်လိုမြင်ကြမလဲ”

ရီရှောင်အန်းသည် သမာသမတ်ကျသည့်လေသံဖြင့် အသံထွက်လာ သည်။
“ဖေဖေ…မေမေ..အထွေထွေမန်နေဂျာတစ်ယောက်အနေနဲ့  ပြောရမယ်  ဆိုရင် ဒီကိစ္စက လူသိရှင်ကြားဖြစ်နေပြီ ဆိုမှတော့ လူအများကြီးရဲ့ရှေ့မှာ အနဲဆုံး အဖြေတစ်ခုတော့ ပေးမှဖြစ်လိမ့်မယ် ။ ဒီကိစ္စက မိသားစုရေးတင် မဟုတ်ဘူး…ကုမ္ပဏီရဲ့ဂုဏ်သိက္ခာနဲ့ လည်း ဆိုင်တယ် - ကျွန်တော်တို့  ရှင်းရှင်းလင်းလင်းလုပ်မှဖြစ်လိမ့်မယ် ။ ဘယ်သူ့ သား ဘယ်သူ့ မြေးဆိုတာ နဲ့ ပဲ ဒီကုမ္ပဏီမှာ ဘယ်သူကမှ အခွင့်ထူးခံရတဲ့သူ ရှိမနေဘူးဆိုတာကို အားလုံးသိအောင် ပြပေးရပါမယ်”

တန်ကျန်းရှင်းနှင့်ရီရှောင်အန်းတို့ ၏စကားလုံးတို့ ကို ကြားလိုက်ရသည့်ချိန် ရီမူဖန်၏နှုတ်ခမ်းတစ်စုံထက်တွင် အပြုံးခပ်ရေးရေး ပေါ်လာချေသည် ။

ဟဲဟဲ…တော်လိုက်တဲ့ ငါ့ညီမလေး ။ ညီမလေး တွက်ထားတဲ့အတိုင်းကို ဒီလူတွေ တကယ်ကြီး ပြောလာကြတယ် ။ ငါတို့  တူးပေးထားတဲ့တွင်း ထဲကို ခုန်ပါချလာကြပြီပဲ ။ အားလုံး ပွင့်ကျမလာဖို့ အတွက် ငါကတော့ ဒီကိစ္စကို တားပေးနေတဲ့လူကောင်းလေး ဖြစ်ပြီးတော့ နောက်ဆုံးကျ တော့ လုံးဝတားမရတော့လို့  ဖွင့်ပြောလိုက်ရတဲ့ လူသိတတ်လေး ပေါ့လေ…ဟဲဟဲ..

ဝမ်ဝမ်သည် ရီမူဖန်ကို တမင်တကာပင် ဒီအကြောင်းကို ဆိုင်းငံ့ပေး ထားဖို့ ရာအတွက် အဘိုးနှင့်အဘွားအား တောင်းဆိုခိုင်းခဲ့ခြင်းပင် -
ရီ မိသားစု၏မျက်နှာကို ထောက်ကာ သူ တော်တော်လေးကို ကြိုးစားထားခဲ့ပါ၏ ။ တချို့ သောလူတို့ က ထိုသည်ကို ဂရုမစိုက်သည်မှာ ဆိုးလှပေသည် ။

ရီမူဖန်အနေဖြင့် အတင်းချောင်ပိတ်ရိုက်ခံနေရသဖြင့်
သူ့ တွင် ရွေးချယ်စရာ မရှိတော့ ။
ကူကယ်ရာမဲ့စွာဖြင့် သူ ပြောလာသည် ။
“ကောင်းပြီ…ဒါဆိုလည်း ပစ္စည်းတချို့ လောက်တော့ ခနလောက် ငှားရလိမ့်မယ်…”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now