ထပ်ပြီး တံခါးဖွင့်သံကြားလိုက်တာကြောင့် ဝမ်အွန်း ကြွေပန်းကန်လုံးတစ်လုံးကို ဆတ်ခနဲယူလိုက်ပြီး ဝင်လာသောသူအား ပစ်ပေါက်ရန် ရည်ရွယ်ထားသည်။
ဝင်လာသည့်သူမှာ သူ့မယ်တော်ဖြစ်နေသောအခါ လက်ထဲက ကြွေပန်းကန်လုံးလေး လွတ်ကျသွားသည်။
'မယ်တော်'
တိုးညှင်းစွာခေါ်ဆိုမှုအပြီး မျက်နှာလွှဲလိုက်ပြီး အသံတိတ်မျက်ရည်ကျမိသည်။
ဒီအချိန်မှာ သူမတွေ့ချင်ဆုံး သူ့မယ်တော်ဖြစ်သည်။
သူ့ရဲ့သားက သူ့ထက်ရာထူးနိမ့်သော မိန်းမကမွေးသည့် သား၏ အရှက်ခွဲမှုကို ခံထားရသည်မဟုတ်လား။ကြင်ယာတော်ဆိုသည့် သူ မခံယူချင်သည့် ဂုဏ်ပုဒ်အပြင် ထို့ထက် မျက်နှာပူစရာကိစ္စတွေက ရှိနေသေးသည်။
မင်းမယ်တော်ကြီးမှာ အခန်းထဲဝင်ဝင်လာချင်း ဝမ်အွန်း ပုံစံကြည့်ပြီး ခွေလဲပစ်သွားချင်သည်။
ကံတရားဟာ သိပ်ကို လှည့်စားလွန်းသည်။လွန်ခဲ့သော တစ်ပတ်ကအထိ ရာဇာပုလ္လင်ပေါ်ထိုင်နေခဲ့သည့် သား၏ ကျဆုံးခန်းသည် တခြားသော နန်းကျမင်းတွေထက် ပိုပြီး ရှက်ရွံ့စရာကောင်းနေသောအခါ
'သားတော်'
အားတင်းပြီး ခေါ်လိုက်သည်။ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သူ့ရဲ့သားဆိုသည်မှာ အမြဲတမ်းမာကျောနေရမည်။ဥာဏ်များနေရမည်။ထပ်ပြီး ဝမ်ယောလ် နှင့် သူ့အစ်ကိုတွေကို ရင်ဆိုဖို့အတွက် သန်မာနေရမည်။အဲ့လိုဖြစ်ဖို့အတွက် သူကပိုပြီးသန်မာရမည်။မင်းမယ်တော်ကြီးသည် ဝမ်အွန်း ရဲ့ အားနည်းချက်မဖြစ်စေရ။အခုတော့ သူ့ကြောင့် ဝမ်အွန်း အားနည်းချက်ရှိသွားပြီ။
'မယ်မယ် ဘာလို့လာရတာလဲ။သားကို……သားဘယ်လောက်ထိ……'
ဝမ်အွန်း ဆက်မပြောနိုင်တော့ပေ။
မယ်တော်ကြီး ဝမ်အွန်း ကို ရင်ခွင့်ထဲ ထည့်ပိုက်ထားပြီး
'သားက မယ်မယ့်ရဲ့ သားလေ။ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ပြောင်းလဲသွားမှာမှမဟုတ်တာ'
'သားကိုမထိပါနဲ့ မယ်မယ်။သား ကိုယ့်ကိုကိုယ်တောင် မသတီလွန်းလို့'
![](https://img.wattpad.com/cover/233694540-288-k148264.jpg)
YOU ARE READING
The Throne
Historical Fictionအရင် Matainyu acc မှာ တင်ထားတဲ့ အပုဒ်ပါ။accထဲဝင်မရတော့လို့ အရင်အပိုင်းတွေအပြင် အပိုင်းအသစ်တွေပါ ဆက်up ပေးပါ့မယ်