"အရမ်းသမားရိုးကျဆန်ပြီး မရင်းနှီးသလိုခံစားချက်ကြီးမို့ မကြိုက်ပါဘူး.. အဲ့တော့ ဘယ်လိုပြောရမလဲ..."

"ဘာကိုလဲ??"

"ဘာပဲဖြစ်ဖြစ်... မျိုးရိုးမထည့်ပဲ ရိပေါ်လို့ပဲခေါ်လေ.. ကျွန်တော်လည်း အဲ့လိုပဲ ခေါ်မယ်လေ.."

"အင်း... နားလည်ပြီ" ရုတ်တရက်ကြီး အခေါ်အဝေါ်ပြောင်းလာတဲ့ ရိပေါ်ကို ရှောင်းကျန့်နားမလည်သေးပေမယ့် ခေါင်းကို တစ်ချက်ချင်းငြိမ့်လို့ နားလည်ပါပြီပဲပေါ့...
✨✨✨

အတန်းတွေပြီးတော့ ရိပေါ်က ယွီပင်းနဲ့အတူ စကားပြောရင်း ပြန်တယ်...

"ရိပေါ်... မင်းဒီရက်ပိုင်း ဘယ်လိုဖြစ်တာလဲ? ကျောင်းလည်း ပုံမှန်လာပြီး စာမှာလည်း အာရုံစိုက်လို့ပါလား?"

"အဲ့တာက... အရမ်းကောင်းတဲ့ ငါ့ရဲ့ အချိန်‌ပိုင်းအလုပ်ကြောင့်လေ.. "

"စီနီယာရှောင်းရဲ့ အလုပ်မလား?"

"အင်း... ဟုတ်တယ်.. သူ့နေ့လည်စာဘူးက တစ်ကယ်ကြီး အရသာရှိတာ... ငါက အခု အဲ့ထမင်းဘူးစားရဖို့ ရှင်သန်နေတာကွ..."

"ဘာတုန်းကွာ... မင်းဟာက..
ဒါနဲ့ စီနီယာရှောင်းနဲ့ စိတ်မရှုပ်ဖူးဘူး..."

"ဟမ်းးးး... လုံးဝပဲ..
သူ့ချို့ယွင်းချက်ကို အပြစ်လိုက်တင်နေတဲ့ လူတွေကမှ တစ်ကယ့် ပြဿနာကောင်တွေ..."

"အမ်... မင်းက ဘာလို့ဒီလောက် အပြောမခံဖြစ်နေတာတုန်း"

ဟုတ်တာပဲ... ရိပေါ် သူ့ကိုယ်သူသတိထားမိချိန်မှာ ရှောင်းကျန့်ကို မထိခိုက်စေချင်တဲ့ စိတ်နဲ့ လေသံမာမာပြောနေမိတာ...

"အာ... ဆောရီး ဆောရီး သွားကြရအောင်ကွာ မိုးချုပ်တော့မယ်"

"အေး အေး...
မင်းဘာလို့ ဒေါသထွက်သွားတာတုန်း??"

ဘာပြန်ဖြေရမှန်း မသိတဲ့ ရိပေါ်က ယွီပင်းကို ကျော်တက်လို့ အိမ်အပြန်လမ်းကို ခပ်သွက်သွက်ဦးတည်တယ်...

ဒီမြင်ကွင်းကို မလှမ်းမကမ်းက ရှောင်းကျန့်က သဘောတကျ ကြည့်နေမိတယ်... တစ်ဆက်တည်းမှာ တွေးမိတာက ရိပေါ်ရဲ့ အသံကို အဝေးကနေတောင် ရှင်းရှင်းလင်းလင်း ကြားနေရခြင်း အကြောင်းအရင်းပါပဲ...

Except Your VOICE (Completed)Where stories live. Discover now