"မင်းလုပ်နိုင်ပါ့မလား ရိပေါ်"

"စာတွေ ချရေးပေးရုံပဲကို ဘာခက်လို့တုန်း ‌
အေးဆေး အေးဆေး.."

ဒုတ်!!!

ဒုတ်!
ဆရာ့ရဲ့ စာရှင်းပြသံနဲ့ အပြိုင် ထွက်ပေါ်နေတဲ့ ဒီတဒုတ်ဒုတ်အသံကတော့ ရိပေါ်ဆီကလာပါတယ်... အိပ်ငိုက်ပြီး စာကြည့်စားပွဲနဲ့ ခေါင်း မိတ်ဆက်နေတာပါ...

✨✨✨

နေ့လည်စာစားချိန် ...

"အွန်း... အရသာသိပ်ရှိ!!!"

ရိပေါ်နဲ့ ရှောင်းကျန့် စတွေ့တဲ့ သစ်ပင်ကြီးအောက်မှာ ‌ရိပေါ်ကတော့ ရှောင်ကျန့်ရဲ့ ထမင်းဘူးကို စားနေပြီး ရှောင်ကျန့်က ရိပေါ်ရဲ့စာနဲ့ သူမှတ်ခဲ့တဲ့စာကို ပြန်စစ်ကြည့်နေတယ်...

"အာ... ဝမ်ရိပေါ်.. ဒီမှာ‌စာရေးဖို့ ကျန်နေခဲ့တယ်"

ပလုတ်ပလောင်း ပါးအပြည့်ဖောင်းနေတဲ့ ရိပေါ်က မျက်နှာချိုသွေးလို့ ရီပြတယ်...

"ဟဲ... ကျွန်တော် အဲ့အပိုင်းမှာ အိပ်ပျော်သွားလို့...
နောက်မအိပ်တော့မှာမို့ တောင်းပန်ပါတယ်... ကျိန်ပြောတယ်.." ဆိုပြီး ထမင်းဘူးကို လက်တစ်ဖက်ကကိုင်လို့ အလေးပြုပုံ လုပ်နေတဲ့ဝမ်ရိပေါ်က ချစ်စရာကောင်းတာမို့ ရှောင်းကျန့် ပြုံးတယ်ဆိုရုံ ပြုံးမိတယ်...

ထူးထူးဆန်းဆန်း ဒေါသမထွက်ဘူး... သူ့အလုပ်ကို သေချာမလုပ်ပေးတဲ့ သူတွေကို ရှောင်းကျန့်က မကြိုက်ပေမယ့်.... ဒီကောင်လေးအပေါ်တော့ စိတ်ကွက်မသွားဘူးဆိုတာ သူကိုယ်တိုင်တောင် သတိထားမိပုံမရ...

✨✨✨

"Professor ပြောတာ အကုန်ချရေးဖို့က တစ်ကယ်မလွယ်ဘူးနော် အကိုရှောင်း.."

"အစ်ကိုက သိပ်မကြားရတော့ ပို့ချမှုရဲ့ တစ်ဝက်လောက်ပဲမှီတာမို့ အစ်ကို လုပ်နိုင်တာဆိုလို့ ရသလောက်ချရေးရုံပဲရှိတယ်လေ.."

ပြောနေရင်းနဲ့ တ‌စ်နေရာကိုကြည့်ရင်း မျက်နှာမကောင်းပုံရတဲ့ ‌‌အစ်ကိုရှောင်းကြည့်ရာဘက်ကို မျက်လုံးရွှေ့မိတော့ မိန်းကလေးတစ်စု... တစ်နည်းအားဖြင့် Sign Language(လက်ဟန်အမူရာ) နဲ့ ပြောနေကြတဲ့ မိန်းကလေးတွေ...

Except Your VOICE (Completed)Donde viven las historias. Descúbrelo ahora