Chan အိမ်ရောက်တော့ အိပ်ခန်းကိုပဲ တန်းပြီးသွားလိုက်သည်။ ရင်ခွင်ထဲက ကောင်လေးကိုကြည့်မိတော့ အိပ်ပျော်နေပေသည်။ မျက်နှာလေးက လက်ဝါးရာကြောင့်ရော မိုးရေမှန်ထာတာကြောင့် မို့အစ်အစ်လေးဖြစ်နေသည်။ နဖူးလေးကို တစ်ချက်နမ်းကာ ကုတင်ပေါ်သို့ချပေးလိုက်သည်။ မေမေတို့က ဝိုင်းဝကနေ Chan ပေါက်စကို ပွေ့လာတာမြင်တော့ ပေါက်စ မေမေကိုပြေးခေါ်ကာ သူတို့အိမ်ပေါ်တက်ကာလိုက်လာခဲ့ကြသည်။

" သားကြီး သားငယ်လေးက ဘာဖြစ်လာတာလဲ သား "

Tao ကမေးသည် Chan မဖြေခင်မှာပဲ Suho KS ကိုမြင်ကာ ချက်ချင်းပြေးကြည့်သည်။

" အမလေး သားလေး အမေ့သားလေး "

" ပေါက်စ က ပင်ပန်းပြီးအိပ်ပျော်သွားတာပါ အမေ "

Suho KS ကိုမျက်နှာလေးကိုကြည့်ရင်း

" သားလေး မျက်နှာလေးက ဘာဖြစ်လာတာလဲ သား လက်ချောင်းရာတွေတောင်ထင်းနေတာ ဘယ်သူကြောင့်လဲ သား "

ဖေဖေတို့ရော မေမေတို့ပါသိချင်နေတာကြောင့် Chan မျက်နှာကိုလှမ်းကြည့်နေသည်။

" ကျွန်တော် ပေါက်စ ကိုမမေးရသေးဘူး....ပေါက်စ မျက်နှာလေးနွမ်းနေတာရယ် ပေါက်စ ခြေထောက်ကလည်း လမ်းမလျှောက်နိုင်တာရယ်ကိုပဲ စိတ်ပူနေတော့ မမေးမိဘူး "

Chan ပြောပြီးမှ မှားကြောင်းသိလိုက်သည်။ ဒေါ်လေး Suho ပေါက်စ ရဲ့ခြေထောက်လေးတွေကိုကိုင်ကာ မျက်နှာက နွမ်းလျသွားသည်။ ဖေဖေနဲ့မေမေက သူ့ကို ဘုရားခန်းကိုလာဖို့မျက်ရိပ်ပြတာကြောင့် ထွက်လာလိုက်သည်။ ဒေါ်လေး Suho နဲ့ ဦးလေးကတော့ ပေါက်စနားမှာနေခဲ့သည်။

" သား မေမေ့တို့ကိုအမှန်တိုင်းပြောစမ်း သားငယ်လေးဘာဖြစ်တာလဲ ဆိုတာ သားက သားငယ်လေးနဲ့ပက်သက်ပြီး မသိတာမဖြစ်နိုင်ဘူး "

" သား မေမေ ပြောတာ ဟုတ်တယ်သား yixing တို့ရှေ့ သားမပြောချင်ရင်တောင် ဖေဖေတို့ကို ပွင့်ပွင့်လင်းလင်းပြောသင့်တယ်သား "

ဖေဖေနဲ့မေမေက အစ်အောက်ပြီးမေးလာတော့ Chan တကယ်စိတ်ညစ်သွားသည်။ ဒီကိစ္စက ဖေဖေတို့သိလို့မဖြစ်သေး ။ သိသွားရင် ပြဿနာ က အလုံးလိုက်အရင်းလိုက်ကို ရှင်းမရဖြစ်ပေတော့မည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now