အပိုင်း -၂ (Unicode)

Start from the beginning
                                    

"မင်းလည်းနော်။ ညက ဘယ်ပျောက်နေတာလဲ။"

စိုင်းဝေယံက အစောကြီးအိပ်ပျော်သွားတဲ့ သူမို့ ညကကိစ္စကို ဘာမျှမသိလိုက်။ မနတ်ရောက်မှဝေလွှမ်းကို ထိုင်မေးနေတော့သည်။ ထက်မာန်ဦးကတော့ ဘာမျှ ဝင်မပြောဘဲ ထမင်းဘဲ ကုန်းစားနေလိုက်မိသည်။

"စာသင်ဆောင်မှာစာကြည့်ရင်းကျန်ခဲ့တာပါ။"

လိမ်စမ်း!လိမ်။

ထက်မာန်ဦး ထမင်းတစ်လုတ်ကို ပါးစပ်ထဲ သွတ်သွင်းရင်း မျက်နှာကို ရှစ်ခေါက်ချိုးပစ်လိုက်သည်။ လွှမ်း လိမ်နေတာသိတာမို့ ထက်မာန်ဦး သူတို့စကားဝိုင်းကနေ ခပ်ခွာခွာဘဲနေသည်။ မသိချင်ယောင်ဆောင်ထားတာဘဲ ကောင်းတယ်။

"မင်းကျန်ခဲ့တာအကြောင်းမဟုတ်ဘူး။ ငထက်က မင်းကိုပတ်ရှာနေတာ မပြီးနိုင်တော့ဘူး။"

လွှမ်းက ထက်မာန်ဦးကို ဖျတ်ခနဲ လှည့်ကြည့်လေသည်။ မျက်နှာပူလိုက်သည့်ဖြစ်ခြင်း။ ရှေ့မှာရှိနေတဲ့ ထမင်းပန်းကန်ထဲ မျက်နှာကိုသာမှောက်ပြီး ထည့်ထားလိုက်ချင်တော့တယ်။

မနေ့ကလည်း တဆောင်လည်း ၀ိုင်းကြည့်တာခံရပြီးပြီ။ ဒီမနတ်လည်း လွှမ်းရှေ့တည့်တည့်မှာမှ ထပ်ပြီး အစဖော်ခံရပြန်ပြီ။ ဟင်းတောင် မထည့်နိုင်ဘဲ ထမင်းတွေချည့် အလွတ်သပ်သပ် ပါးစပ်ထဲသွတ်သွင်းနေမိတော့တယ်။

"အင်း။သိတယ်။"

လွှမ်းဆီက စကားတစ်လုံးချင်းစီတိုင်းက ထက်မာန်ဦးကို ဒီနေ့ အတွက်ညှင်းဆဲပြီး ဖြည်းဖြည်းချင်း သတ်နေသလိုပင်။ သီးသွားတိုင်း ဘေးက ရေခွက်ထဲကရေကိုသာ နာနာဖိသောက်မိသည်။

ဘာလို့ မနေ့ညက မြင်ကွင်းကြီးကို ပြန်ပြီး မြင်ယောင်လေတိုင်း မျက်နှာကပူတက်လာပြီး နေလို့မရ ထိုင်လို့မရ ဖြစ်နေတာလဲမသိဘူး။ ဒါက မမြင်သင့်တာ မှန်ပေမယ့် ထက်မာန်ဦး တမင်ရည်ရွယ်ပြီးသွားချောင်းကြည့်တာလည်းမဟုတ်ဘူး။ ဒီအတိုင်း တိုက်ဆိုင်သွားတာ။

"အေး။ဟုတ်တယ်။ ဒါနဲ့ မင်းလည်း မျက်ကွင်းတွေညိုနေပြန်ပြီ။ညက မအိပ်ဘူးလား။"

စိုင်းဝေယံစကားကြောင့် ထက်မာန်ဦးလည်း ထမင်းတလုတ်ကို ပါးစပ်ထဲ ထည့်လိုက်ပြီး လွှမ်းကို မသိမသာ အကဲခတ်လိုက်သည်။ လွှမ်းက အသားဖြူသူမို့လား မသိပါ။ မျက်ကွင်းတွေညိုပြီဆို သူများထက်ကို ပိုသိသာသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now