"ကော... ကျွန်တော် ခမည်းတော်ကို တွေ့ပြီး
တောင်းပန်ချင်တယ်။ခမည်းတော်က ဝေဒနာခံစားနေရတာ၊ အနား
မှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး၊ ခမည်းတော်
တယောက်ထဲ ကြိတ်ခံစားနေရမှာ....။""မင်းကြီးအနားမှာ လီဝမ့်မယ်မယ်ရှိပါသေးတယ်။ မင်းကြီးက ဝမ်မိဖုရားကို တော်တော်ချစ်
ပုံရတယ်၊၊""ဟုတ်တယ်...ခမည်းတော်က မယ်မယ်ကို
အရမ်းချစ်တာ...။""ဝမ်မင်းသမီးနဲ့ အိမ်ရှေ့စံလက်ဆက်မူကလည်း
ကိုယ်တို့လိုပဲ မရိုးရှင်းခဲ့ဘူးဆိုတာ လီဝမ်တွေးမိ
ရဲ့လား...။""ဟင့်အင်း...မတွေးမိဘူး....။"
"အဒါကလည်း လီဝမ်တို့အတွက်
ကြောင့်ပဲ မင်းကြီးက လက်ခံခဲ့တာတဲ့လေ။""ခမည်းတော် ပြောတာပဲလား...။"
"အင်း...၊ အိမ်ရှေ့စံကို မငြင်းလိုက်တာက
အိမ်ရှေ့စံနန်းတတ်လို့ ဝမ်မင်းသမီးမိဖုရားကြီး
ဖြစ်လာရင် လီဝမ်မယ်မယ်နဲ့ လီဝမ်ကို မယ်မယ်
ကြီး(လျှိုမိဖုရားကြီး)နဲ့ တခြားမျိုးရိုးတွေ ရန်က အနည်းနဲ့အများ ကာကွယ်ပြီးသား ဖြစ်တာမလို့တဲ့လေ။"ကော...နန်းတွင်းအရေးတွေက ရူပ်ထွေးလွန်းတယ်နော်...။
ခမည်းတော် အရမ်းပင်ပန်းခဲ့မှာ....။
ခမည်းတော်ကို တွေ့ချင်တယ်၊
ခမည်းတော်ကို တောင်းပန်ရမယ်၊
ခမည်းတော်ကို တွေ့ချင်တယ်လို့် အဟင့်ဟင့်.။"
"ကိုယ် စီစဉ်ပေးမယ် မငိုနဲ့ တိတ်တော့
ရက်အနည်းငယ်တော့ စောင့်ပေး၊
ကိုယ် ဟွိုက်ခွမ်းနဲ့ တိုင်ပင်ကြည့်လိုက်မယ်။
မငိုနဲ့တော့ ကလေးလည်း မဟုတ်တော့ဘူးကို။"
"ကလေးမှ ငိုရမှာလား...၊ လူကြီးဖြစ်ရင်
မငိုရတော့ဘူးလား...၊၊
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...