ရှောင်းကျန့်နဲ့ ရိပေါ်မှာ မနက်ပိုင်း နန်းတော်ဝင်
ချိန်မတူသလို အပြန်လည်း ထိုနည်း၎င်းပင်။ရှောင်းကျန့်မှာ ညီလာခံတတ်ရ၍ ရိပေါ်မှာတော့
မိဖုရားကြီးထံ အခစားဝင်ရခြင်းပင်။ရှောင်းကျန့်အဖို့ ဒီနေ့ညီလာခံက အတော်ပင်
ရှည်ကြာသည်ဟုဆိုရမည်၊ သူအိမ်တော်ပြန်ရောက်ချိန်က ရိပေါ်ရဲ့ နေ့လည်အိပ်ချိန်တောင်
ရောက်နေပြီလေ။နေ့လည်နေ့ခင်း စာဖတ်ပြီးချိန်တိုင်း တရေးအိပ်
တတ်သည့် ပေါက်စီလုံးလို ကောင်ငယ်လေးရဲ့
အိပ်နေပုံကို ရူ့စားရန်အလို့ငှါ အိပ်ဆောင်ဆီသို့
ခြေလှမ်းကျဲကြီးဖြင့် လာခဲ့သော်လည်းအိပ်ယာပေါ်က ချစ်ရသူရဲ့ ငိုရိုက်သံသဲ့သဲ့က
ကိုယ့်ရင်ကို ဆင်နင်းလိုက်သလိုပဲဆိုတာ
ကောင်ငယ်လေးသိရင် ပိုတယ်ဆိုမလားကွာ။"လီဝမ် ဘာဖြစ်တာလဲ၊ ဘာလို့ငိုနေတာလဲ၊
ဘယ်သူဘာလုပ်လိုက်တာလဲ ပြော...ပြောမယ်မယ်ကြီးလား မင်းသားသုံးလား....
ကိုယ့်ကို ပြောစမ်းပါ...ကိုယ်စိတ်ပူလှပြီ။"အိပ်ယာပေါ် ကျုံ့ကျုံ့ထိုင်ကာ ငိုရိုက်နေသည့်
ရိပေါ်ကိုယ်လေးကို လက်မောင်းရင်းမှ ကိုင်ကာ
မနားတမ်းမေးနေသည့် ရှောင်းကျန့်။ရိပေါ်လည်း ရှောင်းကျန့်ရင်ခွင်ထဲ တိုးဝင်ရင်း
"အီးဟီးဟီး...ကော၊
ကော...ခမည်းတော်ကလေ...ခမည်းတော်က
အဆုတ်ရောဂါဖြစ်နေတာတဲ့...၊
ထပ်နေရလည်း အများဆုံးက ၂နှစ်/၃နှစ်ပဲတဲ့..ကျွန်တော်က အဟင့်...ကျွန်တော်က ခမည်းတော်ကို ကောနဲ့လက်ဆက်ပေးပြီးထဲက မျက်နှာ
ချင်းမဆိုင်တော့တာ အခုချိန်အထိပဲ။ကျွန်တော်မှားတာ အမှန်ဆို ကောနဲ့လက်ဆက်
ပေးလို့ ကျေးဇူးတောင် တင်ရဦးမှာကို။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...