၁၂။ နီးလျက်​နှင့် ​ဝေး (၂)

2.3K 210 9
                                    

ရှောင်းကျန့်​ အနီးကပ်​ ​စောင့်​ကြည့်​မယ်​ ဆိုကာမှ
၊ အ​ဖေက မနက်​ဖြန်​က စပြီး တပတ်​ကြာ စုန့်
တိုင်းပြည်​ကို စစ်​​ရေး ​ဆွေး​နွေးပွဲ တတ်​​ရောက်
ရမယ်​။
မဟာမိတ်​ နိုင်​ငံ​တွေစုပြီး မွန်​ဂိုကျူး​ကျော်​သူ​တွေ
အ​ရေးကို ​ဆွေး​နွေးကြမှာ။
သူက အ​ဖေကိုယ်​စား အ​ဖေ​နေရာက​နေ ညီလာ
ခံ တတ်​ပြီး၊ စစ်​သည်​​တွေကို အုပ်​ချု ပ်​​ပေးရမှာမို့
ဒီတပတ်​လုံး​တော့ အိမ်​​တော်​ပြန်​ဖို့ အဆင်​​ပြေမှာ မဟုတ်​ဘူး။

ရိ​ပေါ် သူ့အ​ဆောင်​​တော်​ရဲ့ အပန်း​ဖြေဥယာဉ်
ထဲမှာ၊ ကျင်းရီနဲ့ ​ကြွေခုံ ကစား​နေတုန်း
ရောက်​လာတဲ့ ဟိုလူုကြီး။
ရိ​ပေါ်တို့​ရှေ့ လာထိုင်​ပြီး ကြည့်​​နေပုံက.....။
ရိ​ပေါ် သိလိုက်​ပြီ၊ ဒါသူကို ​သေချာအကဲခပ်
နေတာပဲ၊ သူ့အ​ကြောင်း​တွေ စုံစမ်းလာတာ
ဖြစ်​မယ်​။

ကျင်းရီက​တော့ ဥယာဉ်​လမ်းကို ​ကျော​ပေးထိုင်
နေတာ​ကြောင့်​ သူ့ကို မမြင်​တာ ထားပါ။
ကောင်​​လေးက ဘာအချိုးလဲ၊ သူ့မြင်​တာ​တောင်
နှုတ်​ဆက်​ဂါဝရ ပြု ရမှန်းမသိဘူးလား။
တချက်​ပဲ ကြည့်​ပြီး ကစားမပျက်​တာ သူ့ကိုယ်​သူ
ငါမင်းသား ဂရုစိုက်​စရာ မလိုဘူးဆိုတဲ့ သ​ဘော၊
မင်းသားမကလို့ ဘာပဲဖြစ်​​နေ​နေ
အခု သူ့အိမ်​သူ အ​နေနဲ့ တရားဝင်​လက်​ထပ်​ထားတာ​လေ၊
ဒီ​လောက်​ အ​ခြေခံ လူ့ကျင့်​ဝတ်​​လေး​တောင်
မသိဘူးလား။
တော်​​တော်​ကို ​သွေးယူရမယ့်​ ​ကျောက်​စိမ်း
အရိုင်းတုန်း​လေး........။

"ကျင်းရီ"

"ဗျာ......၊ သခင်​​လေး ​တောင်းပန်​ပါတယ်​၊
သခင်​​လေး ​ရောက်​​နေတာ ကျွန်​​တော်​မျိုး
မသိလိုက်​လို့ပါ။"

"ဒီတခါ​တော့ ရှိ​စေ​တော့၊
မင်းကို ငါ​ပြောထားတဲ့ကိစ္စ မင်းသားကို
ပြောထားရဲ့လား။"

"ဗျာ...ဟုတ်​ကဲ့၊ ​ပြော​​တော့ထားပါတယ်​.....
ဒါ​ပေမယ့်​........။"

"ဒါ​ပေမယ့်​ ဘာဖြစ်​လဲ။"

"ဟို....မင်းသား​လေးက မသင်​ထားပါဘူး၊
ပြီး​တော့ ကျွန်​​တော်​မျိုးလည်း မင်းသား​လေး
အနား တချိန်​လုံး ရှိမှာမို့ ၊ မသင်​​ပေးမည့်​တာပါ
ကျွန်​​တော်​မျိုး အပြစ်​ပါ သခင်​​လေး။"

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now