၂၀။ မလိုချင်​​သော ​နေ့ရက်​များ(၃)

2K 215 16
                                    

"​ကောင်​​လေး! ​ပြောစမ်း၊
မင်းကို ဘယ်​သူရိုက်​လိုက်​တာလဲ၊
ဒီလက်​ဖဝါးရာကြီးက ဘယ်​သူရိုက်​တာလဲလို့။"

"မင်း​ပြော! မင်းသားတပါးကို ဘယ်​သူရိုက်​ရဲ
တာလဲ၊ ရိုက်​တဲ့ လက်​ကိုဖြတ်​ပစ်​ရမယ်​။"

"ကျစ်​!၊ အ​ရေးဆို မင်းက မ​ပြောတတ်​၊
အဒါ​ကြောင့်​ စာသင်​​ပေးမယ်​ ​ပြောတာ၊
အခုလိုဖြစ်​​တော့ စာ​ရေးပြရင်​ ပြီးပြီ​ပေါ့။"
မင်း ထပ်​မငြင်းနဲ့​တော့ မင်းအမ​တော်
မင်္ဂလာပွဲ ပြီးတာနဲ့ စာသင်​ရမယ်​၊
သင်​သင့်​တာ၊ တတ်​သင့်​တာ အကုန်​သင်​ယူရ
မယ်​၊ ဒီတခါ ထပ်​ငြင်းလို့ မရဘူး ​ကောင်​​လေး၊"

ပြော​နေတုန်းရှိ​သေး သူ့ပုခုံး​လေး ကိုင်​ထားတဲ့
လက်​​တွေကို အတင်းရုန်းပြီး ​ပြေးထွက်​သွားတာ
ထားလိုက်​ပါ​တော့ ဒီ​နေ့​တော့။
ေ​ကာင်​​လေးကို ရိုက်​တဲ့ တရားခံကို ​​ကောင်​​လေး မ​ပြောလည်း ကိုယ်​ရ​အောင်​ရှာပြီး တန်​ရာတန်​​ကြေး ပြန်​ယူမှာ...........။

........................................................................

ရှောင်းကျန့်​ မနက်​နိုး​တော့ ကုတင်​​ပေါ်မှာ
ကောင်​​လေး ရှိမ​နေဘူး၊
အရင်​ဆို သူညီလာခံတတ်​ဖို့ နန်း​တော်​သွား
ချိန်​ထိ ​ကောင်​​လေးက နိုး​သေးတာမဟုတ်​ဘူး။
အခု အ​စောကြီး ဘယ်​များသွားတာလဲ၊
အိမ်​​တော်​ထိန်းကြီး​မေးမှ ​ကောင်​​လေးက
ကျင်းရီနဲ့ အ​စောကြီးထဲက နန်း​တော်​သွားပြီတဲ့။
နန်း​တော်​သွားတာ ​စောလိုက်​တာ၊
ဧကန သူ့အမ​တော်​ မင်္ဂလာပွဲကို မ​ကျေနပ်​လို့
ပြသနာရှာဖို့များလား။

မ​နေ့က ​ကောင်​​လေး အရိုက်​ခံလာရတာ၊
ဒီ​နေ့ ထပ်​အရိုက်​ခံရရင်​ ဒုက္ခ။
ကောင်​​လေးကို ရိုက်​ရဲမှာ မိဖုရားကြီးနဲ့ ဝမ်​မိဖုရားပဲ ရှိမှာ......။
တခြားဘယ်​သူများလဲ...။
မဖြစ်​ပါဘူး ငါလည်း နန်း​တော်​ မြန်​မြန်​သွားမှ
နန်း​တော်​ထဲ ဘာသတင်းထူးလဲ သိရမှာ....။

🍃

ရိ​ပေါ် လက်​မခံနိုင်​ပါဘူး၊ ငါလည်း ခမည်း​တော်
လက်​ဆက်​​ပေးတဲ့ လူကြီးကို ယူရ​ပေမယ့်
မမနဲ့ အကို​တော်​တစ်​ ​တော့ မဖြစ်​သင့်​ဘူး​လေ။

ဘာလို့ အိမ်​​ရှေ့စံနဲ့မှလဲ၊
အိမ်​​ရှေ့စံ အတွက်​က အဲ့​လောက်​မိဖုရားရှား
နေလို့လား။
မယ်​မယ်​နဲ့ မမ ကလည်း ငါ့ကို လုံးဝ အ​တွေ့
မခံကြဘူး။ မင်္ဂလာပွဲပြီးမှ ​တွေ့ကြမယ်​တဲ့။
မမလဲ ငါ့လိုပဲ ခမည်း​တော်​ အမိန့်​ကို မလွန်​ဆန်
နိုင်​တာ​နေမှာ။

မမလည်း ငြင်းသင့်​တယ်​၊ မယ်​မယ်​ကလည်း
သ​ဘောမတူသင့်​ဘူး။
မိဖုရားကြီးနဲ့ ပတ်​သတ်​ရင်​ ​ကောင်းတာမရှိနိုင်
ဘူး၊ အခု အိမ်​​ရှေ့စံနဲ့ပါ မမက ပတ်​သတ်​မယ်
ဆို​တော့ မမဘဝလည်း လွယ်​မှာ မဟုတ်​ဘူး။
မ​နေ့က တစ်​ချက်​ဆို​တော့ ဒီ​နေ့ နှစ်​ချက်​​ပေါ့....။

"​ဝေး.....ချစ်​ညီ​လေး၊ အကို​တော်​ ညီငယ်​​လေးက အ​တွေးများ​နေပုံပဲ။"

"ဘာလဲ.....မိဖုရားကြီးဆီလာပြီး အမ​တော်
အတွက်​ မျက်​ရည်​ခံ ထိုးမလို့လား။"

"မိဖုရားကြီး မရှိဘူး၊ မင်္ဂလာကိစ္စ ​ဆွေး​နွေး​နေတယ်​၊ ခမည်း​တော်​တို့နဲ့၊ ပြီး​တော့ ဒီက အကို​တော့်​ ချစ်​ညီ​လေးရဲ့ မယ်​မယ်​နဲ့ အမ​တော်​လည်း ပါတယ်​။"

"မိဖုရားကြီးကို မျက်​ရည်​ခံ ထိုးမဲ့အတူတူ
ဟိုးအရင်​ထဲက အကို​တော်​ဆီမှာ
မျက်​ရည်​ကျခံလိုက်​ရင်​ ဒုစစ်​သူကြီး​ရှောင်းကျန့်
တောင်​ ယူစရာမလိုဘူး။"

"ချစ်​ညီ​လေးက ဘာမှပြန်​မ​ပြောတတ်​​တော့
ပျင်းဖို့ ​ကောင်းလိုက်​တာ။"

"လာ......၊ အကို​တော်​ အပျင်း​ပြေ​အောင်
ငယ်​ငယ်​တုန်းကလို လုပ်​ကြမယ်​။
ဥပမာ ချစ်​ညီ​လေး ဆယ့်​သုံးနှစ်​ အရွယ်​တုန်း
ကလို​ပေါ့၊.....ဟားဟား ဟားဟားးးး........။

🙏🙏🙏

(ကိုယ့်​ကို you တို့ ​ချောင်းရိုက်​ချင်​မလားပဲ၊
မရိုက်​ရလို့ ကိုယ့်​ကိုဆဲသွားလဲ ရပါတယ်​လို့။
ဖတ်​​ပေးသူ၊ vote ​ပေးသူ၊ reading list ထဲ
ထည့်​​ပေးသူ၊ follow ​ပေးသူ အားလုံးကို
ကျေးဇူးတင်​ပါတယ်။
မ​ကောင်း​ပေမယ့်​ သည်းခံဖတ်​​ပေးကြပါဦးလို့။)



တော်​ဝင်​သည်​...သို့​သော်​ငြားလည်းOn viuen les histories. Descobreix ara