၂၄။ ပွင့်​​ကြွေ ဖက်​​ကြွေ

2.2K 184 44
                                    

ရိ​ပေါ် တကယ်​​တော့ မ​နေချင်​​တော့ပါဘူး။
ပင်​ပန်း​နေသလိုပဲ၊ အိမ်​​တော်​ပြန်​ပြီး နားချင်​​နေ
ပြီ။ ဒါ​ပေမယ့်​လည်း အကို​တော်​နှစ်​ကို အားနာ
လို့သာ ​ခေါင်းညိမ့်​ပြလိုက်​ပါတယ်​။

အကို​တော်​နှစ်​နဲ့လည်း မ​တွေ့ရတာ အ​တော်​ကြာ​နေပါပြီ၊ သူဒုက္ခ​ရောက်​တိုင်း လာကယ်​တတ်​တဲ့ အကို​တော်​နှစ်​အတွက်​ သူဒီ​လောက်
တော့ ​စောင့်​​ပေးရမှာ​ပေါ့။

အကို​တော်​သွားတာ တ​အောင့်​ကြာ​နေပြီ၊
ပြန်​မှပါ......။
အိမ်​​တော်​ပဲ တန်းပြန်​မယ်​၊ အိမ်​​ရှေ့စံနဲ့ မမကို
လည်း သွားနှုတ်​ဆက်​မ​နေ​တော့ပါဘူး၊
အနီးကပ်​ မြင်​​တွေ့ရရင်​ စိတ်​ထိန်းနိုင်​မှာ
မဟုတ်​ဘူး.........။

"​ဝေ့....ချစ်​ညီ​လေး......။"

"အကို​တော်​နှစ်​ ပြန်​အလာကို ​စောင့်​​နေတာလား၊

သနားလိုက်​တာ ချစ်​ညီ​လေးရာ၊

မင်း အကို​တော်​နှစ်​က အခုအချိန်​ စုန့်​တိုင်းပြည်
က စုန့်​မင်းသမီး​လေးနဲ့ အကြည်​စိုက်​​နေ​လောက်​ပြီ။
အကို​တော်​နှစ်​အတွက်​ စုန့်​တိုင်းပြည်​ကကိုယ်
တိုင်​ နား​ဖောက်​​နေတာ​နော်​။"

"သနားစရာ ချစ်​ညီ​လေးက အကို​တော်​နှစ်​နဲ့
ခိုးစားမလို့ ​စောင့်​​နေတာလား။

စစ်​သူကြီးက အဝမ​ကျွေးဘူးလား၊
စစ်​သူကြီးက အဝမ​ကျွေးလည်း ဒီက အကို​တော်​က ချစ်​ညီ​လေးကို အဝ​ကျွေးနိုင်ပါတယ်​။"

"ဘယ်​လိုလဲ၊ ဆယ့်​သုံးနှစ်​ပြည့်​​မွေး​နေ့နဲ့
ဟို​နေ့က မ​ပေးလိုက်​ရတဲ့ လက်​​ဆောင်​​လေး
အခု​ပေးမယ်​​လေ အဟက်​....အဟက်​.....။"

ဘုရား​ရေ ငါဘယ်​လိုလုပ်​ရမလဲ၊ အကို​တော်
သုံးလက်​က ဘယ်​လို​ပြေးရမလဲ။
ညီအကို​တွေထဲမှာ အကို​တော်​သုံးက သိုင်း
ပညာအ​ကောင်းဆုံးနဲ့ အလျင်​ဆုံး။
ငါ...ငါ ဘယ်​လို ​ပြေးရမလဲ၊ ချက်​ချင်းထ​​ပြေး
လည်း လွတ်​မှာမဟုတ်​ဘူး။
အကို​တော်​နှစ်​ ပြန်​လာမလားဆိုပြီး အချိန်​ဆွဲတဲ့
အ​နေနဲ့ သူ့စကား​တွေ နား​ထောင်​​နေတာ
ပိုဆိုးပြီထင်​တယ်​။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now