ဒီည ဟိုလူကြီး ပြန်မလာပါစေနဲ့၊ မင်္ဂလာပွဲ
ကြမှ မြင်ဖူးပေမယ့် မသိရင် သူ့မျက်နှာက
မင်္ဂလာဆောင် နေတာနဲ့တောင်မတူဘူး၊
ကိုယ့်ကို ရန်သူကြီးလိုကြည့်နေတာမို့ ထွက်
ပြေးချင်စိတ်ကို မနည်းထိန်းထားရတာ။
မယ်မယ်ပြောတော့ ရှောင်းကျန့်က သဘော
ကောင်းတယ်ဆို...........၊
ပူတယ် ဒီအနီရောင်ပဝါကြီးနဲ့ဝတ်စုံက တော်တော်ကိုပူတာ၊ အရောင်ကြီးကရဲရဲနဲ့ မုန်းစရာ
ကြီး၊ မုန်းတယ်.......ဒီအရောင်ကြီးကိုမုန်းသလို
ကိုယ့်ကိုလည်း မုန်းတယ်..........
သေချင်တာတောင် သတ်သေလို့မရတဲ့ဘဝ၊
ယောကျာ်းဖြစ်တာတောင် အခြားယောက်ျား
တယောက်ရဲ့ အဖြည့်ခံ ဖြစ်ရမယ့်ဘဝတဲ့လား၊
ငါ့မှ ဘာလို့ ဒီလောက်ကံဆိုးရတာလဲ စဉ်းစားမရတော့ဘူး။
တံခါးဖွင့်သံကြားတယ်၊ ဟိုလူကြီးရောက်လာပြီ၊
မယ်မယ်ရေ သားအခုထိုင်နေရင်း အသက်ထွက်သွားရင် ကောင်းမယ်။အခန်းထဲရောက်ရောက်ချင်းမြင်လိုက်ရတဲ့
ကုတင်ပေါ်မှ မင်္ဂလာဝတ်စုံနဲ့လူ။
ထိုင်နေတာက ဘယ်လိုကြည့်ကြည့် မိန်းခလေး
ပါ၊
ကိုယ် ကိုယ်တိုင်တောင် သတိမထားမိဘဲ ကုတင်ပေါ်မှ ထိုလူရဲ့ဇာပဝါကို လှန်ပြစ်လိုက်တာ၊
ဘုရားရေ........
ဇာပဝါအောက်က မျက်နှာလေးက တော်တော်
လှတာပဲ၊ အနေတော်မျက်ဝန်းလေး၊ နှာခေါင်း
လုံးလုံးလေးနဲ့ နှင်းဆီဖူးအရောင် နှုတ်ခမ်းဖူးဖူး
လေးက ဖူးကြွပြီး တဆက်ဆက်တုန်နေပုံကလှလိုက်တာဆိုတာ ၊ မဟုတ်သေးပါဘူး ငါမူးနေလို့
အမြင်မှားတာလား၊ သေချာထပ်ကြည့်ပြန်လည်းတွေ့မြင်
ရတဲ့မျက်နှာလေးမှာ ခုနမျက်ဝန်းလေးက
မျက်ရည်တွေ တအိအိပြိုကျလာပြီး၊ နှာခေါင်းလုံးလေးပိုရဲလာတယ်၊ နှုတ်ခမ်းဖူးလေးကလည်း ခုနအတိုင်းပဲ တဆက်ဆက် တုန်နေဆဲ။ခုချိန်တော့ အဒီနှုတ်ခမ်းလေးကို မတုန်အောင်
လုပ်ပေးချင်တာပဲ သိတော့တယ်။ဟုတ်တယ် ငါလုပ်ပေးလိုက်လို့ နှုတ်ခမ်းဖူးလေးက မတုန်တော့ဘူး၊ အခုငါ့နှုတ်ခမ်းထဲမှာလေ
ချို တယ် မွှေးပြီးအိစက်စက်လေးနဲ့ ဘယ်လို အရသာလေးမှန်းကို မသိဘူး၊
အပေါ်အောက် တလှည့်ဆီ စုပ်နေရင်း အားမရ
လို့ အောက်နှုတ်ခမ်းလေးကို ကိုက်ပြီး ပွင့်လာတဲ့ ခံတွင်းထဲထိ မွှေနှောက်ပြီး လျှာလေးပါ
ဆွဲစုပ် စားလိုက်မိတယ်၊ ကြိုက်တယ် ပြောမပြ
တတ်အောင်ကို ကြိုက်တယ်။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...