"ရှင်း...ကျွန်တော်တို့ ဆောင်ကြာမြိုင်ကကိစ္စကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
"ကိုယ် စိတ်ထဲထားတယ်...ရှောင်ဟွားရဲ့ နှုတ်ခမ်းက အရမ်းချိုလွန်းတယ်"
သူ၏ နှုတ်ခမ်းအား စိုက်ကြည့်ကာ ပြောလိုက်သောကြောင့် ရီဟွား ကြက်သီးများပင် ထသွားရသည်။
"အဲ...အဲဒါ မတော်တဆမှုတစ်ခုပါ"
"ကိုယ် ထပ်နမ်းတာက မတော်တဆ မဟုတ်ဘူး"
ရီဟွား အမှန်တကယ်ပင် ဆွံ့အ သွားရသည်။ သူတို့နှစ်ယောက်ကြား အနေရမခက်စေရန် ပြောနေခြင်းဖြစ်သော်လည်း မင်းကြီးသည် နေရမခက်သည့်အပြင် သူ့အား စနောက်ဖို့ပင် စိတ်ကူး ရှိနေသေးသည်။
"ရှင်းမှာ မိဖုရား ကိုယ်လုပ်တော်တွေ အများကြီး ရှိတယ်မလား"
"ရှိတယ်...ဒါပေမဲ့ ဧကရီတော့ မရှိသေးဘူး"
'Fuck! သူ တကယ် ဘာဖြစ်ချင်နေတာလဲ'
ရီဟွား သူ့အား အပျင်းပြေ မစနောက်တော့ဘဲ မိဖုရား မောင်းမတော် တို့်နှင့်သာ အချိန်ကုန်ရန် သဘောဖြင့် မေးလိုက်ခြင်းဖြစ်သော်လည်း ဘာကို ဆိုလိုချင်မှန်း မသိသည့် အဖြေကိုသာ ရလိုက်သောကြောင့် သူ တကယ် စိတ်တိုသွားရသည်။ မင်းကြီးသည် အမှန်ပင် သူ့အား ခဏခဏ ဒေါသထွက်စေလွန်းသည်။
ရုတ်တရက် သူတို့အနီးသို့ ရောက်လာသော အနက်ရောင်ဝတ် ကိုယ်ရံတော်ကြောင့် ရီဟွား လန့်သွားရ၏။
'Fuck!မင်းတို့ ကိုယ်ဖော့သိုင်း တတ်တာတော့ တတ်တာပေါ့...ရုတ်တရက်ကြီးတော့ အသံမပေးဘာမပေးနဲ့ သရဲလို ရောက်ချမလာနဲ့လေ'
ကိုယ်ရံတော်အား မြင်လိုက်သည်နှင့် မင်းကြီး၏ ပြုံးယောင်သန်းနေသော မျက်နှာသည် အေးစက်သော အမူအရာသို့ ချက်ချင်းပြောင်းလဲသွားသည်။
"ဘာကိစ္စလဲ"
ကိုယ်ရံတော်သည် မင်းကြီးအနားသို့ ကပ်ကာ တိုးတိတ်စွာဖြင့် စကားအချို့အား လျှောက်တင်လေသည်။
YOU ARE READING
ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)
Historical FictionZawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြမ္မာသည် ဆန်းကြယ်လွန်းလှသည်။ ရာဇဝင်ထဲ အချိန်ခရီးသွားပြီးနောက် သူ၏နှလုံးသားတစ်ခုလုံးနှင့်ရင်း၍ ချစ်ရသူအား ရှာဖွေတွေ့ရှိခဲ့သည်။ Unicode "ကိုယ့်...
အပိုင်း(၅.၂) သနားစရာ အပိုဇာတ်ကောင်လေး
Start from the beginning