တုလင်းလန် သူ့လက်ဖ၀ါးကို ပြန်၍သာ မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်ရင်း သူ့လက်ဖ၀ါးဆီမှ သတ္တိတို့ကို ကူးယူနေမိပါတော့သည်။
ဒီလက်၊ သူမ ဘယ်တော့မှ မလွှတ်ပေးနိုင်သည့် ဘယ်တော့မှ လှည့်မထွက်သွားနိုင်မည့် အရာတစ်ခုပင်။
******************
သူမတို့ ဆေးရုံကို မြန်မြန်ပင်ရောက်သွားသည်။ ကောင်းကျန်းဝမ် နှင့် ဆရာဝန်၊ နာ့စ် အဖွဲ့သည် သူတို့ကို အ၀င်ဝမှာကတည်းက စောင့်၍နေသည်။
ဆေးဝန်ထမ်းများက တုလင်းလန်ကို ကျွမ်းကျင်စွာ အော်ပရေးရှင်းခန်းထဲသို့ခေါ်ဆောင်သွားချိန်တွင် ကောင်းကျန်းဝမ်ကတော့ ဟန်လော့ထင်း လိုက်ဝင်သွားမည်ကို တားတော့သည်။
"လော့ထင်း... မင်း ၀င်သွားလို့မရဘူး..." သူက ကြင်နာသည့်လေသံဖြင့် သတိပေးလိုက်သည်။ မျက်လုံးတွေနီရဲနေသည့် အရင်ကနှင့်မတူသည့် ဟန်လော့ထင်းက သူ့ကို လက်သီးတစ်ချက်နှင့် နှုတ်ဆက်လာလိမ့်မည်ဟု ဘယ်သူက ထင်မိမှာလဲ...
"ဟေ့... ဟေ့... ဟေ့... လော့ထင်း... မင်း လင်းလန်ကို ကယ်မယ့် ကျန်းဝမ်ကို နာအောင် လုပ်မလို့လား? ..." ရဲဘော်ရဲဘက်ပေါင်းများစွာနှင့် လိုက်ပါလာသည့် ထန်ချီဟောက်က ရှေ့ထွက်လာကာ ဟန်လော့ထင်းကို တားသည်။
ကောင်းကျန်းဝမ်၏ ကလီစာနှင့် အူတို့သည့် ဒီပြသနာကောင်ကြောင့် နာကြင်သွားရသည်။ သူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရင်း ချောင်းနည်းနည်းဆိုးလိုက်ကာ အသက်ကို ပြင်းပြင်းရှူပြီး နေလို့ကောင်းသွားသည်နှင့် မတ်မတ်ရပ်လိုက်သည်။
သူမော့ကြည့်လိုက်တော့ အော်ပရေးရှင်းခန်းထဲကို လိုက်ဝင်သွားချင်နေသည့် သားရိုင်းတစ်ကောင်လို ရုန်းကန်နေဆဲဖြစ်သည့် ဟန်လော့ထင်းကို ထန်ချီဟောက်က ထိန်းကိုင်ထားနေတာကို မြင်လိုက်ရသည်။ ကောင်းကျန်းဝမ် နောက်ဆုတ်မနေတော့ပဲ ချက်ချင်း ရှေ့ထွက်လာရင်း ဟန်လော့ထင်း၏ မျက်နှာကို ပြင်းထန်စွာ ထိုးချလိုက်တော့သည်။
ဟန်လော့ထင်းမျက်နှာ တစ်ပတ်လည်အောင် ထိုးခံလိုက်ရသည့်အတွက် ကွဲသွားသည့် သူ့နှုတ်ခမ်းထောင့်မှ သွေးတို့ စီးကျလာသည်။ ဒီပြင်းထန်လှသည့် လက်သီးကြောင့် အသိစိတ်တို့ကပြန်ဝင်လာသည်။ ရုန်းကန်နေခြင်းကို ရပ်လိုက်ပြီး ကောင်းကျန်းဝမ်ကို စူးရဲစွာကြည့်လိုက်သည်။
YOU ARE READING
Who Allowed you to Get on the Bed? |Completed|
RomanceMy 2nd Pick for translation... Hope u'll like it. Translation completed...
အခန်း (၃၄)/အခန်း (၃၄)
Start from the beginning