အခန်း (၃၄)/အခနျး (၃၄)

7.6K 927 24
                                    

Zawgyi~

အခန်း (၃၄)

ဟန်လော့ထင်း၏စိတ်ထဲတွင်တော့ ချွေးတွေထွက်ကာ မသက်မသာဖြစ်နေပုံပေါ်သည့် တုလင်းလန်၏ ပုံရိပ်သာရှိ၍နေသည်။ သူလက်လှမ်းလိုက်ကာ သူမ၏ လက်လေးကို ဆုပ်ကိုင်ရင်း "လင်းလန်... မကြောက်နဲ့... ဘာမှမဖြစ်ဘူး... အဆင်ပြေသွားလိုက်မယ်... ကိုယ်တို့ လက်ထပ်ပြီး ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ရဦးမှာ... ရတနာလေး ကြီးပြင်းလာတာကိုလည်း အတူကြည့်ရဦးမှာ... သူကျောင်းသွားတာရော၊ သူ အချစ်ကို တွေ့သွားတဲ့အခါကိုရော၊ သူ့ချစ်သူနဲ့ လက်ထပ်သွားမယ့်အခါကိုရော... ကိုယ်တို့အတူတူ..."

တုလင်းလန် အသက်ပြင်းပြင်းရှူလိုက်သည်။ ပြောရလျှင် သူမ၏ ဗိုက်ထဲမှ အဲ့ဒီလောက်နာကြင်၍မနေပေ၊ သို့သော်ငြား သူမ အသက်ရှူရတာခက်ခဲနေသည့်အတွက် ဆေးရုံကိုသွား၍ စစ်ဆေးချင်ရုံသာဖြစ်သည်။ ရိုးရိုးသားသားပြောရလျှင် သူ ဒီလိုမျိုး သူမအတွက်စိုးရိမ်နေသည့်ပုံစံကိုမြင်ရသည်က အရမ်းကို ကျေနပ်စရာပင်။

သူ သူမကို တကယ်ချစ်သည်၊ ဒါကို နောက်ထပ်တစ်ကြိမ် သက်သေပြနေခြင်းပင်။

သူမ ဟန်လော့ထင်း၏ နံဘေးခုံတွင်ထိုင်လို့နေရင်း သူပြောသမျှအရာအကုန်လုံးကို သဘောကျစွာ နားထောင်နေမိသည်။

သူတို့နှစ်ယောက် ရတနာလေးကြီးပြင်းလာသည်ကို အတူကြည့်ကြမည်။ ဒီမြင်ကွင်းက တကယ့်ကိုပင် လှပလိမ့်မည်၊ လှပလွန်း၍ နှလုံးနာကြင်မတတ်ပင်။ သူ့အချစ်ကို မရနိုင်ခဲ့ခြင်းအပေါ် ပထမဆုံးအနေဖြင့် သူမ မမုန်းနိုင်တော့ပေ။ သူ့ကို သူမ နက်ရှိုင်းစွာ ချစ်မိနေသေးသည်ကပင် သူမ အတွက် ကံကောင်းသည့်အရာပင်။

ထပ်ပြောရလျှင် သူမ သူ့ကို ထပ်မချစ်တော့ဘူးဟု ဆိုခဲ့လျှင်တောင်မှ သူ့မျက်နှာကို မြင်လိုက်ရသည်နှင့် သူမ သူ့အပေါ် ထပ်ပြီး ချစ်မိသွားမိမှာပင်။

သူသည် ဟန်လော့ထင်းဆိုသည့် လူသားဖြစ်နေသည့်အတွက်၊ စတွေ့ကတည်းက သူမ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ထွင်းထုထားမိသည့် အမျိုးသားဖြစ်နေသည့်အတွက်ကြောင့်ပင်။

Who Allowed you to Get on the Bed? |Completed|Opowieści tętniące życiem. Odkryj je teraz