အခန်း (၂၆)/အခနျး (၂၆)

9K 990 16
                                    

Zawgyi~

အခန်း (၂၆)

မှောင်မိုက်နေသည့်အချိန်တွင် အခြားသော အာရုံခံစားမှုများသည် ပုံမှန်ထက် ပို၍ ခံစားလွယ်နေတတ်သည်။ ဟန်လော့ထင်း၏ ပုံရိပ်က သူမကို တင်းကြပ်စွာ တွယ်ညိနေမှန်း တုလင်းလန် ခံစားမိနိုင်သည်။ သူတို့နှစ်ဦး နီးကပ်၍နေသည်ကို သူမ ခံစားမိနိုင်သလို တစ်ဦး၏ ထွက်သက်ကို တစ်ဦးမှ ပင့်ရှိုက်နိုင်လောက်သည်အထိ နီးကပ်နေသည်၊ သို့သော်ငြား သူ သူမကို နမ်းဖို့ရာ ငုံ့မလာခဲ့ပေ။

သူမ အတန်ငယ် တွေဝေသွားရသည်။ သူမ သူ့ကို အထင်မှားနေတာတော့မဖြစ်နိုင်။ သူ သူမကို လိုချင်သည်၊ ဒါကို သူမ ခံစားမိနေသည်၊ သို့သော်ငြား သူသည် တုန့်နှေး၍နေပြီး သူမကို နမ်းမလာပေ။ ဒါသည် သူမကို အာရုံစိုက်မိစေပြီး ပဟေဠိဖြစ်စေသည်။

မလှုပ်မယှက် ခြေဖျားထောက်ကာ အချိန်အကြာကြီးနေမိသည့်အတွက် သူမ ဗိုက်သည် ပို၍လေးလံလာသလို ခြေဖျားတွေလည်း စကာ နာကြင်လာပြီဖြစ်သည်။ သူမ ခြေဖျားတို့သည် ကြမ်းပြင်ပေါ်သို့ ဖြေးညင်းစွာပြန်ကာချမိသည်။ မျက်လုံးတွေကို ဖွင့်လိုက်တော့မည့်အချိန်တွင် သူမ နှုတ်ခမ်းတို့သည် ထိုအမျိုးသားထံတွင် သိမ်းပိုက်ခံလိုက်ရတော့သည်။ သူမ ကိုယ်ပိုင်မဟုတ်သည့် ချောကျိသည့် အရာက သူမ နှုတ်ခမ်းတွေကို ကွဲကွာစေရင်း သူမ လျှာဖျားကို လာကာ ရစ်ပတ်နှောင်ဖွဲ့သည်။

အချိန်အတန်ကြာ ရစ်ပတ်နှောင်ဖွဲ့ပြီးနောက်တွင် ဟန်လော့ထင်းသည် နောက်ထပ် လျက်နေခြင်း အရူးလုပ်နေခြင်းတို့ကို မလုပ်ချင်တော့ပေ။ သူစတင်ကာစုပ်ရင်း သူမ နှုတ်ခမ်းထဲကအရည်တို့ကိုပါ သိမ်းပိုက်ကာ... သူမ၏ အလုံးစုံကို လုကာယူငင်ပါတော့သည်။ ကြမ်းတမ်းလှသည့် တိုက်ပွဲတစ်ခုလိုပင် သူမကို သူပြင်းထန်စွာ နမ်းရှိုက်ပါတော့သည်။

အချိန်ကြာမြင့်စွာ... ကြာမြင့်စွာ စောင့်ဆိုင်းလာရပြီးနောက်တွင် သူမဘက်မှ စကာ လက်ဦးမှုကိုရယူပြီး အနမ်းတို့ကို အပ်နှင်းလာခြင်းဖြစ်သည်။ တစ်စထက်တစ်စ ဆွဲဆောင်မှုရှိလာ၊ ညှို့ငင်အားကောင်းလာသည့် ကိုယ်လေးကို သူ နေရာအနှံ့ ပွတ်သပ်နိုင်ပြီဖြစ်သည်။ ဒီအရာအလုံးစုံသည် ထိုတခဏတွင် သူ့အတွက်တော့ ယုံကြည်ဖို့ရာ ခက်ခဲစေသည်... ဒီ့အတွက် သူ့မျက်စိရှေ့မှ အရာအားလုံးသည် ပုံရိပ်ယောင် ဖြစ်နေခြင်းဟုတ်မဟုတ်၊ သူ၏ အလွန်အမင်းတောင့်တနေခြင်းကြောင့် မြင်နေရခြင်းဟုတ်မဟုတ်ကို သေချာရန် သူ ခဏတာမျှစောင့်ဆိုင်းနေခဲ့တာဖြစ်သည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now