အခန်း (၁၃)/အခနျး (၁၃)

9.1K 1.1K 29
                                    

Zawgyi~

အခန်း (၁၃)

သတိမေ့နေရာမှာ ပြန်လာနိုးထလာချိန် စူးရှရှပိုးသတ်ဆေးရနံ့က ပထမဦးစွာ သူမှာ၏ နှာခေါင်းဝကို လာရောက်ထိခတ်လေသည်မှာ သူမ ဆေးရုံရောက်နေတာဖြစ်ကြောင်း တုလင်းလန်ကိုပြောပြနေသလိုပင်။

သူမ မျက်လုံးတွေကိုမဖွင့်နိုင်သေး... သို့သော် သူမ၏လက်လေးကတော့ ဗိုက်ထဲက ကလေးလေးရှိနေသေးရဲ့လားဟူသော ပူပန်မှုနှင့်အတူ ဗိုက်ပေါ်တွင်အရင်တင်ထားမိသည်။

"မင်းရဲ့ကလေးက အဆင်ပြေပါတယ်... ဒါပေမယ့် ကလေးကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တာ..."
ဒီအသံက သူမ အတွက်တော့ စိမ်းသက်မနေ... ထိုအသံသည် လုံမန်၏ သီးသန့်ဆရာဝန် ကောင်းကျန်းဝမ် ဖြစ်သည်။

တုလင်းလန် ပုံမှန်ဆေးစစ်မှုကို ပြုလုပ်စဉ်က သူမ မိခင်တစ်ဦးဖြစ်လာတော့မည်ဆိုတာကို ထိုသူ က သတင်းကောင်းအနေနှင့် သီးသန့်ကိုပြောပြခဲ့တာဖြစ်သည်။

မိခင်တစ်ယောက်ဖြစ်လာမည့် သဘာဝအရ သူမ ခန္ဓာကိုယ်တွင်းက ပြောင်းလဲမှုအနည်းငယ်ကို ဆေးမစစ်မီကပင် အနည်းငယ်စော၍ သူမ ခံစားမိနေတာဖြစ်သည်။

ထိုပြောင်းလဲမှုတို့သည် သူမကို ပျော်ရွှင်စေသည်နှင့်အတူ တစ်ချိန်ထဲမှာလည်း ကူကယ်ရာမဲ့သည့် ခံစားချက်ကိုဖြစ်ပေါ်စေသည်... သို့သော် ပျော်ရွှင်မှုက ကူကယ်ရာမဲ့သည့် ခံစားချက်ထက်ပိုများနေသည်ဆိုသည့် အချက်ကတော့ မငြင်းဆန်နိုင်လှပေ။ ဒါသည် အရမ်းကိုဝမ်းသာစရာကိစ္စဖြစ်သည့်အတွက် သူမ မျက်လုံးထောင့်နားမှ မျက်ရည်စတို့က မနေနိုင်စွာ ကျဆင်းလာခဲ့ရသည်။

သူမ မျက်လုံးတွေကို ဖွင့်လိုက်ချိန်တွင် ကောင်းကျန်းဝမ်၏ ခွင့်မလွှတ်နိုင်သည့် မျက်လုံးတွေကိုရင်ဆိုင်လိုက်ရသည်။
"မင်းတော်တော် အသုံးမကျတဲ့ အမေပဲဆိုတာ သိရဲ့လား? မင်း ကိုယ်ဝန်ရှိနေတယ်ဆိုတာ သိရင်... သေရမှာမကြောက်ရင်တောင်မှ သေဖို့ မရွေးချယ်နဲ့လေ... မင်းကိုမင်း ဒီကလေးကို ထိန်းသိမ်းနိုင်ဖို့အတွက် အချိန်တိုင်း ကံကောင်းနေမယ်လို့ထင်နေတာလား? ..."

ကောင်းကျန်းဝမ်၏ ဆုံးမစကားကို တိတ်ဆိတ်စွာသွားနားထောင်နေရင်း သူပြောတာမှန်သည် ဟု သူမ တွေးနေမိသည်။
"နောက်တစ်ကြိမ်ဆိုတာ မရှိတော့ပါဘူး..." ဆူပူမှုကို နားထောင်ပြီးချိန်တွင် သူမ ညင်သာစွာပြောလိုက်သည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now