အခန်း (၁၂)/အခနျး (၁၂)

9.5K 1.2K 24
                                    

Zawgyi~

အခန်း (၁၂)

ကျန်ရှိနေသည့်အချိန်များတွင် တုလင်းလန်သည် တုန့်ပြန်မှုမရှိသည့် ရုပ်ထုတစ်ခုလိုသာ ခံစားနေရသည်။ ရုတ်တရတ် ကျယ်လောင်ပြီး နားကွဲလုမတတ်မြည်လိုက်သည့် အသံက အပြင်မှ ပေါ်ထွက်လာမှသာ သူမ အသိဝင်လာရတော့သည်။

သူမချက်ချင်းဆိုသလိုတုန့်ပြန်လိုက်ပြီး သူမ၏ အနီးကပ်ဆောင်ထားသည့် ပစ္စတိုကို ဆွဲထုတ်လိုက်လေရင်း လုံဟူ၏ နံဘေးကို လွှားကနဲပြေးထွက်သွားတော့သည်။
"မမလေး မစိုးရိမ်ပါနဲ့... အကိုလေး ၄ နဲ့ သူများတွေ အဆင်ပြေမှာပါ..."
သူမ လုံဟူကို နှစ်သိမ့်ပေးလိုက်သည်။

"လင်းလန်..."

"ဒါ လင်းလန်တို့ တာဝန်ပါ..."
သူမ၏ စိုးရိမ်စိတ်ကို ခန့်မှန်းလိုက်လေရင်း တုလင်းလန် အတည်ငြိမ်ဆုံးလေသံဖြင့် ဆိုလိုက်တော့သည်။

ဒါသည် တကယ့်ကိုပင်သူမတို့၏ ဘ၀ဖြစ်သည်၊ သို့သော်ငြား သူမတို့ကို ဘယ်တုန်းကမှ လက်အောက်ငယ်သားလို မဆက်ဆံပေးပဲ လူယုံလို၊ ချစ်ခင်ရသူတွေလိုမျိုးအဖြစ်သာဆက်ဆံပေးသည့် လုံအိမ်သားတွေကို သူမတို့ဘက်ကလည်း စိတ်အားထက်သန်စွာပင် ကာကွယ်ပေးချင်လှသည်။

"လင်းလန်... အကယ်လို့များ နင်ရွေးချယ်ခွင့်ရမယ်ဆိုရင်... ငါ့ရဲ့ အရိပ်သက်တော်စောင့်ဖြစ်လာဖို့ ရွေးချယ်မှာလား? ..."

ဒီရူးမိုက်လှသည့်မေးခွန်းသည် သူမတို့ အန္တရာယ်ရှိနေသည့် စစ်မြေပြင်ထဲရောက်ရှိနေသည်ဟူသည့်အချက်ကို တုလင်းလန်ကိုမေ့သွားစေသည်။

သူမ အပြုံးတစ်ခုနှင့်သာ တုံ့ပြန်လိုက်သည်...
"ဒါပေါ့... မမလေးရဲ့ အရိပ်သက်တော်စောင့်ဖြစ်ရတာ လင်းလန်အတွက်ကတော့ အကြီးမားဆုံး ကောင်းချီးပါပဲ..."
အတူတကွကြီးပြင်းလာရခြင်းကပင် ပို၍ ကံကောင်းသည့်အရာဖြစ်သည်။

"လင်းလန်..."

"ဒါကြောင့်မို့... လင်းလန်အသက်ဆုံးရမယ်ဆိုရင်တောင်မှ မမလေးကို ကာကွယ်မှာပါ..."
သူမ၏ လှပလွန်းသည့် မျက်လုံးထဲတွင် ဖျက်ဆီးမနိုင်လောက်သည့် သေချာမှုတို့ကရှိနေသည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now