အခန်း(၃)/အခနျး(၃)

10.4K 1.2K 12
                                    

Zawgyi~

အခန်း(၃)

အရပ်ရှည်ရှည်ကလေးတစ်ယောက်ရဲ့ ပုံရိပ် သူမရှေ့မှာပေါ်လာချိန်မှာတော့ သူမကိုပြဿနာဖို့ထပ်ရောက်လာပြန်ပြီမှန်း နားလည်လိုက်တာနဲ့အတူ သူမ နောက်ကိုကျုံ့ကာတိုးသွားလိုက်သည်။

ဒီရက်ပိုင်းမှာ ကလေးဗိုလ်ကို ဘာကစိတ်အနှောင့်အယှက်ဖြစ်သွားမိစေလဲတော့ သူမ မသိသော်ငြား အမြဲလိုလိုအနိုင်ကျင့်ခံနေရသည်။ သူမကိုပိုက်စိပ်တိုက်ရှာပြီး ဆောင့်ဆွဲတာတွေလုပ်ရုံမျှမက လဲကျပြီး နာကျင်သည်အထိ တွန်းလှဲတာမျိုးပါ လုပ်သည်။ ရလဒ်ကတော့ သူမရဲ့ ခန္ဓာကိုယ်လေးမှာ ပုံသဏ္ဍာန်မျိုးစုံသော ဒဏ်ရာကြီးငယ်တွေနဲ့သာ ဖုံးလွှမ်းလာတော့တာဖြစ်သည်။

"အ အ မလေး၊ ဒီမှာထိုင်နေရင်းနဲ့ ပါးပါးနဲ့ မားမားအကြောင်းကိုပဲ တွေးနေပြန်ပြီမဟုတ်လား?" ညင်သာမှုမရှိတဲ့ ပြောဆိုချက်နဲ့အတူ သူမ ဆံပင်တွေကိုဆောင့်ဆွဲခံလိုက်ရသည့်အတွက် ရလိုက်တဲ့နာကြင်မှုသည် နားထင်အထိတိုင် ရောက်ရှိလို့လာသည်။

နှုတ်ခမ်းတွေကိုသာ တင်းတင်းစေ့ရင်း အရင်နေ့တွေကလို ထိုကောင်လေးပျင်းရင် ထွက်သွားလိမ့်မယ်ဆိုတဲ့ အတွေးနဲ့အတူ သူမ လျစ်လျူရှုလိုက်သည်။ သို့သော်ငြား သူမ မေ့နေတာတစ်ခုကတော့ သူမရဲ့ အရေးပါတဲ့အရုပ်လေးကို သူမဖက်ထားမိနေသည်ဆိုသည့် အချက်ဖြစ်သည်။

သူမလက်ထဲကအရုပ်လေးသည် ရုတ်တရတ်ဆိုသလို လုယူခံလိုက်ရသည်။ ကလေးဗိုလ်က ထိုအရုပ်လေးကို မြေကြီးပေါ်ကို ပစ်ချလိုက်ရင်း သူ့ရဲ့ညစ်ပတ်တဲ့ခြေထောက်တွေနဲ့ နင်းခြေနေတာကို သူမရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ ပြူးကာကြည့်မိနေရင်း တုန်လှုပ်မိနေတော့သည်။

အရောင်ဖျော့ယုန်ရုပ်လေး ညစ်ပတ်အောင်နင်းခြေခံနေရတာကို မြင်နေရချိန်မှာတော့ သူမဟာ ဆိုးဝါးစွာအော်ငိုမိလေရင်း မတ်တပ်ထရပ်ကာ သူမရဲ့ ကိုယ်ပိုင်အရုပ်ကို ပြန်ယူဖို့ရှေ့ထွက်လာတော့သည်။ ဒါပေမယ့် သူမဟာ ကလေးဗိုလ်အတွက်တော့ ယှဉ်နိုင်သူမဟုတ်ပေ။ 

ထိုကောင်လေးသည် လက်တွေကိုဆန့်ထုတ်ရင်း သူမကို တွန်းထုတ်လိုက်တော့သည်။ သူမလည်း ဟန်ချက်ပျက်သွားရပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်မိသွားတော့သည်။ သူမရဲ့ခြေထောက်သေးသေးလေးဟာ မြေပြင်ပေါ်က ဘောလုံးသေးသေးလေးအပေါ် ထောက်မိသွားလေရင်း တခဏအတွင်းမှာပင် သူမရဲ့ ဖြူစွတ်စွတ် နှဖူးပြင်ဟာ မာကြောသည့်နံရံနှင့် ပြင်းထန်စွာ တိုက်မိသွားရတော့သည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now