အခန်း (၂၄)/အခနျး (၂၄)

8.5K 1.1K 49
                                    

Zawgyi~

အခန်း (၂၄)

တုလင်းလန်၏ အကြည့်တို့ကို ခံစားမိသည်နှင့် ဟန်လော့ထင်း လှည့်ကြည့်လာသည်။ ထိုအချိန်တွင် သူ့အကြည့်တို့ကို ရှောင်လွှဲရန် သူမ အင်မတန်မှ နောက်ကျသွားပြီဖြစ်သည်။

ထိုတခဏမှာပင် သူသည် သူမ၏ မေးဖျားလေးကိုပင့်ယူပြီးသားဖြစ်လို့နေပြီ... သူ့အားသည် ပေါ့ပါးသော်ငြား သူမကို တခြားနေရာသို့ ကြည့်ခွင့်မပြုပဲ သူ့ကိုသာ ကြည့်စေချင်သည်။

အချိန်အတန်ကြာ စောင့်စားပြီးချိန်တွင် ယခုလိုမျိုးအကြည့်ဖြင့် သူမ သူ့ကို ထပ်ကြည့်လာလိမ့်တော့မည်မဟုတ်ဟု သူထင်ထားခဲ့မိသည်။ စောင့်စားခဲ့သည့် အချိန်မှာ အတော်ပင်ကြာခဲ့သည့်အတွက် သူ အရှုံးပေးလုနီးပါးပင်ဖြစ်ခဲ့ရသည်။ အခုမှာတော့ သူမသည် တစ်ကမ္ဘာလုံးတွင် သူတစ်ဦးတည်းသာ ရှိနေသလိုမျိုး အကြည့်ဖြင့် သူ့ကို ပြန်ကြည့်လာခဲ့ပြီဖြစ်သည်။

သူ့နှလုံးသားသည် ပြင်းထန်စွာ တစ်ချက်ပြီးတစ်ချက် ခုန်ပေါက်၍နေသည့်အတွက် စိတ်လှုပ်ရှားမှုတို့ဖြင့် အောင့်မျက်လုနီးပါးဖြစ်လာရသည်။ ဒီလိုနှလုံးခုန်သံမျိုး သူ့ကိုပေးနိုင်မည့်သူ သူမမှတပါး အခြားမရှိပေ။

"ဟင့်အင်း... ကိုယ့်ကိုကြည့်... အကြည့်မလွှဲလိုက်ပါနဲ့..."

သူမ ထပ်ပြီး ရုန်းထွက်ချင်နေပြန်မှန်း ခံစားမိလိုက်သည်နှင့် သူ သြရှစွာဆိုလိုက်မိသည်။

"ဟုတ်တယ်... ကိုယ့်ကိုပဲကြည့်ပါ... တခြားကိုမကြည့်ပါနဲ့... ကိုယ့်တစ်ယောက်ကိုပဲ ကြည့်ပေးပါ..."

တုလင်းလန်သည် ဘာကြောင့်မှန်း တကယ်ပင်မသိ... သူ သည် အမိန့်စေညွှန်းမှုပညာကို တတ်မြောက်မနေသည်မှာ သိသာလှသော်ငြား သူမကတော့ သူစေသမျှကိုသာ လုပ်ရုံတတ်နိုင်ပြီး သူ့ကိုကြည့်နေသည့် သူမ၏ အကြည့်တို့ကို မလွှဲနိုင်တော့ပေ။

သူမ တကယ်ကို ရွေ့ချင်သည်၊ တကယ့်ကိုပင်... ရွေ့ချင်လှသည်ဟု သူမကိုယ်သူမ ပြောနေသည်... သို့သော် သူမ နှလုံးသားထဲက အသံတိုးသဲ့သဲ့က တောက်လျှောက်သူမကို မေး၍ နေသည်... တကယ်ရော ရွေ့ချင်ရဲ့လားဟူ၍?

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now