EP-1

4.2K 227 39
                                    

Unicode



ကောင်းကင်ယံထက်၌ တိမ်ညိုတိမ်မဲများ ကြီးစိုးကာ မိုးစက်များက ကမ္ဘာမြေထက်သို့အငြိုးတကြီး ခုန်ပေါက်သက်ဆင်းလာကြ၏ ။ မိုးစက်များရောပြွန်းနေသည့် လေပြင်းများသည် ဖွင့်ထားသော ပြတင်းပေါက်မှတဆင့် အခန်းထဲ ဝင်ရောက်လာကာ အေးစိမ့်နေသော်လည်း သူ ပြတင်းပေါက်အား ထမပိတ်မိပေ ။ တကယ်ဆို ထပိတ်ဖို့ စိတ်ကူးမရှိဟုဆိုရင် ပိုမှန်မည်လား ။ ပြီး... စိတ်နဲ့ ခန္ဓာကလည်း ချိတ်ဆက်မနေသလို ညနေပြန်လာစဥ်ကအတိုင်း အိပ်ယာထက်၌သာ ငူငူကြီးထိုင်နေမိ၏ ။

သို့သော် အခန်းထဲဝေ့သီနေသော ဒီလေပြင်းတွေကိုတော့ Hoseok ကျေးဇူးသိပ်တင်ပါသည် ။ မကုန်ခမ်းနိုင်သလို တွင်တွင်ကျနေတဲ့ မျက်ရည်စက်တွေအတွက် သူတို့ကပဲ တိတ်တိတ်ကလေး ခြောက်သွေ့သွားစေနိုင်တာမလား ။

ဟက် !

တလောကလုံးကို အရွဲ့တိုက်သလို လှောင်ရယ်လိုက်မိတော့ ခြောက်ကပ်ကပ်နိုင်လှတဲ့ ထိုရယ်သံဟာ အက်ကွဲစွာထွက်လာသည် ။

ဒီ “ မိုး ” တိတ်သွားရင်တော့ နာကျင်မှုတွေလည်း ပျောက်သွားမယ်မလား ။

ပျောက်သွားပေးပါ ။
နာကျင်ရတာ ရင်ဘတ်နဲ့ မဆန့်တော့လွန်းလို့ ...
ငါ့ နှလုံးသားက ခံနိုင်ရည် မရှိတော့တာမို့ ...

ကျေးဇူးပြုပြီး .... ဒီနာကျင်မှုတွေ ဒီလောက်နဲ့ပဲ
ပျောက်ကွယ်သွားပေးပါ ။

ရူးမတတ်မွန်းကျပ်နေခဲ့ပြီမို့ ... ဒီလောက်နဲ့ပဲ လက်လျော့လိုက်ချင်ပြီ ။


“ ငါ တကယ် ပင်ပန်းနေပြီ Tae





***************************************






Hoseok တို့ တစ်မိသားစုလုံးသည် ဆရာဝန်မိသားစုဖြစ်ကာ ဖခင်ဖြစ်သူ Jung Hojeon မှာ အရေးပေါ်ဌာနမှ ဌာနမှူးဆရာဝန်တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ Jung HaeSoo (အိမ်ထောင်ကျသွားသဖြင့် ခင်ပွန်း၏ မျိုးရိုးနာမည် ယူထားရခြင်း) မှာတော့ ဦးနှောက်နှင့်အာရုံကြောအထူးကုဖြစ်လေသည် ။ ဖေဖေ၏အစ်မ ( ကြီးမေ ) မှာလည်း စိတ်ရောဂါအထူးကုတစ်ယောက်ဖြစ်ကာ မေမေ၏မောင်ဖြစ်သူ လေးငယ်ကမူ နှလုံးရောဂါ အထူးကုတစ်ဦးပင် ။

Can't CloseWhere stories live. Discover now