စာစဉ် ၃၆ ( ၁၉ - ၂၆ )

ابدأ من البداية
                                    

“ကောင်းပြီ…လက်ခံတယ်ဆိုရင် ဒီစာချုပ်မှာ လက်မှတ်ထိုးပေးပါ”
တန်လုံက ချက်ချင်းပင် စာချုပ်ကို ထုတ်ယူလိုက်၏ ။
ကြိုတင်ပြင်ဆင်ပြီး ယူလာခဲ့သည့် စာချုပ်အား ကြည့်ရင်း စီမင်းလိ၏ နှုတ်ခမ်းတို့  တွန့် ကွေးသွားသည် ။
စာချုပ်ကို ကြိုတောင်ပြင်ထားတယ် ဆိုတော့ ကြည့်ရတာ တန်လုံက ငါ့ကို အပိုင်တွက်ထားတာပဲ…

စီမင်းလိ၏မျက်နှာမှာ အနည်းငယ်မည်းကွက်သွားသည် ။
ထို့ နောက် မတ်တပ်ထရပ်လိုက်ပြီး စာချုပ်ကို လက်မှတ်ထိုးပေးလိုက်၏ ။

“လူကြီးမင်း စီ..တကယ့်ကို စိတ်မကောင်းပါဘူးဗျာ ။ ကျွန်တော့်အနေနဲ့ က စာချုပ်ထဲမှာပါတဲ့ အရေးကြီးတဲ့အချက်တွေကိုပဲ အလေးထား တတ်တယ် ။ ပြီးတော့ စကားနဲ့ ကတိက၀တ်ခံတယ်ဆိုတာက လက်မှတ်ထိုးထားတဲ့ စာချုပ်လောက် ဘောင်မ၀င်ဘူး
မို့ လား” တန်လုံသည် စာချုပ်ကို ယူလိုက်ပြီး တိုးတိုးညင်းညင်းလေး ရယ်မောနေသည် ။

ဤကဲ့သို့ သော စာချုပ်စာတမ်းမျိုးသည် အမှန်တကယ်တွင် မည်ကဲ့သို့ မှ တရားမ၀င်ပါချေ ။ သို့ သော် ကြေးစားအဖွဲ့ ချုပ် ဟူသည် ရှိနေသေး၏ ။ တစ်ဖက်လူသည် စာချုပ်တွင် လက်မှတ်ထိုးထားပါရက်နှင့် စာချုပ်ပါ အချက်အလက်တို့ ကို ဖောက်ဖျက်မိလျှင် ကြေးစားအဖွဲ့ ချုပ်က ၀င်ပါလာ ပေလိမ့် မည်ပင် ။

“နှုတ်ဆက်ပါတယ်”

ထိုတခနတွင် တန်လုံသည် အကျီင်္ကို ဆွဲဆန့် လိုက်ပြီး သူ့ လူတွေနဲ့  ပြန်သွားတော့ဖို့ ရာ မတ်တပ်ထရပ်လိုက်ချေပြီ ။

“အစ်ကို တန်လုံ…ကျွန်တော် သူ့ ကို အရှင်လိုချင်တယ်နော်”
စီမင်းလိက သတိပေးလာသည် ။

….

နှင်းဆီအိမ်တော်လေးတွင် ။

“သခင်မ…သခင်မ..ကျွန်တော် ဒီနေ့  ဟင်းအသစ်တစ်မျိုး ထွင်ထားတယ် ။ စားကြည့်ပါဦး - ဇာမဏီအမြီးပုံ ပုဇွန်ချဉ်စပ် ။ ကျွန်တော် ကြွားတာမဟုတ် ဘူးနော်၊ သာမန်လူတွေဆို ဘယ်သူကမှ ဒါကို မြည်းစမ်းဖူးမှာမဟုတ်ဘူး”

ဖက်တီးသည် အငွေ့ တထောင်းထောင်းထပြီး နီရဲနေသည့် ပုဇွန်းဟင်းကို ကိုင်လျက် ရီဝမ်ဝမ်ဆီ လျှောက်လာသည် ။ ထို့ နောက် သူ၏အေပရွန်ကို ချွတ်လိုက်ပြီး ညစာစားပွဲပေါ် ပုဇွန်အိုးကို တင်လိုက်သည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)حيث تعيش القصص. اكتشف الآن