စာစဉ် ၃၆ ( ၁၉ - ၂၆ )

Depuis le début
                                    

တန်လုံသည် ယဉ်ကျေးပြီး အဖြူထည်ဟန် ရှိနေသည်ဆိုတိုင်း
သူ့ အစွမ်းအစအား အထင်သေး၍မရပေ ။
သူသည် အလွန်အမင်းပင် ရက်စက်တတ်သူ ဖြစ်ချေသည် ။

သို့ သော်လည်း စီမင်းလိ တန်လုံအကြောင်း ကြားဖူးထားသည်တို့ မှာ အကြားသက်သက်သာ ဖြစ်ချေသည် ။ တန်လုံ၏အတိတ်ကအောင်မြင်မှု တို့သည် အပြောသက်သက်ပဲလား၊ အစစ်အမှန်တို့ လား ဆိုသည်ကိုတော့ သေချာမသိပါချေ ။

“အဲ့ဒီလူတွေက ကီရင် ကြေးစားအဖွဲ့ ကလူတွေ ။
အဲ့ဒီအဖွဲ့ ထဲမှာ ရှိခဲ့တုန်း က S အဆင့် မစ်ရှင် ၇ ခုကို လက်ခံခဲ့ပြီးတော့ ၂ ခုကို အောင်မြင်ထားခဲ့တယ် ။ ဒီတော့ သူတို့ ကို A အဆင့်ကြေးစားတွေလို့ ပဲ သတ်မှတ်လို့ ရဦးမယ် ။ အရင်တုန်းက သူတို့  ပစ္စည်းအပ်ရမယ့်အချိန်မှာ အလုပ်အပ်တဲ့သူကို သစ္စာဖောက်သွားခဲ့ကြတယ် - သူတို့ ကို အရမ်း ရက်စက်ပြီးတော့ စည်းကမ်းဘာညာနာမလည်တဲ့သူတွေလို့ ပြောလို့  ရတယ် ။ ဒီမစ်ရှင်က တကယ့်ကို မလွယ်ဘူး”

“ဒါဆို…” စီမင်းလိ ခမျာ တန်လုံ ဘာကို ပြောချင်နေသည်မှန်း မသိပါချေ ။
သို့ သော် တစ်ခုခုကိုတော့ ခံစားမိနေချေပြီ ။
“လူကြီးမင်း စီ…ကျွန်တော့်အနေနဲ့  ပိုက်ဆံ ၃၀ ရာခိုင်နှုန်း တိုးပြီးရမှ ဖြစ်လိမ့်မယ် ။ စီ လူကြီးမင်း လက်ခံမယ်ဆိုရင် ဒီမစ်ရှင်ကို အခုချက်ချင်းပဲ သွားပြီးဆောင်ရွက်လိုက်ပါ့မယ် ။ ဒါပေမယ့် လက်မခံဘူးဆိုရင်တော့ ကျွန်တော်တို့  ဒီနေ့  စကားစမြည်ပြောကြ တယ်လို့ ပဲ သတ်မှတ်လိုက်ကြ တာပေါ့”
တန်လုံသည် ဖိုင်ကို ပိတ်လိုက်ပြီး ပြုံးပြလာသည် ။

တန်လုံ ပြောသည်ကို ကြားလိုက်သည့်အခါ စီမင်းလိ မျက်မှောင်ကြုတ်သွား သည် ။ သူတို့ သည် အစောကတည်းကပင် နှုန်းထားကို သတ်မှတ်ထားပြီး ကြပြီးသားပင် ။ သို့ တိုင်အောင် တန်လုံသည် စည်းမျဉ်းစည်းကမ်းတို့ အား လုံးဝဂရုစိုက်ခြင်း မရှိဘဲ တိုး၍တောင်းနေသည်တဲ့လား ။

“ဟားဟား…ရပါတယ်ဗျာ..အစ်ကို တန် ကတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်းသမားပဲ ။ ကောင်းပြီလေ…အစ်ကို ဒီမစ်ရှင်ကို အောင်မြင်သွားပြီဆိုတာနဲ့  ပေးရမယ့်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို တိုးပေးပါ့မယ်” စီမင်းလိသည် စိတ်မပါသော်လည်း သူ့ အနေဖြင့် ရွေးချယ်စရာကား မရှိပေ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Où les histoires vivent. Découvrez maintenant