10

3K 274 57
                                    

Unicode

I miss you so much
ဘာကြောင့် မသိခဲ့ရတာလဲ
အခုမှခံစားမိတဲ့ ငါ့ကိုယ်ငါအရမ်းမုန်းတယ်

Ost for this part _WannaOne-Beautiful
....

Mew နိုးလာတော့ ဘေးမှာ Gulfမရှိတော့..
ဒီကောင်လေးကတော့!
ကိုယ့်အခန်းကို သူများလက်ထဲစိတ်ချလက်ချထားခဲ့တာပါလား
အဲ့ မေ့လို့..Mewက သူစိမ်းမှမဟုတ်ဘဲ
ရေချိုးခန်းကိုဝင်ခဲ့တော့ နံရံမှာ စာရွက်အစိမ်းရောင်လေးကပ်ထားလေရဲ့

*ပြန်ရင် သော့ခတ်ခဲ့*

ဒါပဲလား..အနည်းဆုံးတော့ ကျွန်တော်သွားနှင့်ပြီ phi စားဖို့မုန့်ထားခဲ့တယ်ဘာညာပေါ့

စာရွက်ကို သိမ်းထားမယ်? လုံးချေပြီး ဘေးတစ်နေရာကိုလွှင့်ပစ်လိုက်သည်
Mew နည်းနည်းစိတ်ဆိုးသွားပြီ
ဘေစင်ပေါ်ကခွက်လေးထဲမှာ သွားတိုက်တံအသစ်တစ်ချောင်း..
ထိုဟာကိုဖောက်လိုက်ပြီး သွားတိုက်ဆေးတင်ကာ ခပ်ကြမ်းကြမ်းဖိတိုက်မိတော့သည်

Gulf Kanawut!!!
..
Gulf ဆေးရုံရောက်ရောက်ချင်း အစည်းအဝေးဆို၍ meeting roomဆီပြေးရပြန်သည်
Kaoကကြိုရောက်နှင့်နေပြီး သူ့ကိုမြင်တော့လက်ပြလာသည်

"ဘာအစည်းအဝေးလဲ"

Kaoဘေးကို ဝင်ထိုင်လိုက်ပြီး အသံနှိမ့်ကာမေးလိုက်သည်
Kaoဆီက တုံးရန်ကောဆိုသည့်အကြည့်ကိုရလိုက်ကာ ...

"မနက်ဖြန် နယ်ဆင်းရမှာလေ လဒရဲ့
အဲ့ကိစ္စနေမှာပေါ့"

ဆရာဝန်ကြီးက နေထိုင်ဖို့စီစဥ်ပေးထားကြောင်းနှင့် လိုအပ်သည့်ဆေးစာရင်းကိစ္စများ​နှင့် လိုက်ရမည့်ဆရာဝန်များ ဂျူတီစောဆင်းရန်မှာပြီး ပြန်ထွက်သွားလေတော့သည်

သည်နေ့အဖို့က လူနာတွေကို လိုက်Checkကာ နာ့စ်တွေကိုလိုအပ်သည်များမှာပြီး အလုပ်စောဆင်းရန်သာ..အလုပ်စောဆင်းခိုင်းသည်ဆိုတာကလည်း ပြင်ဆင်စရာရှိသည်ကိုပြင်ဆင်ဖို့.. ဒါကို Kaoဆိုသည့်ကောင်က သောက်ဖို့ညှိနေသည် သည်ကောင်ကဂျူတီကုတ်သာဝတ်ထားတာ ဆရာဝန်နဲ့လားလားမှမအပ်စပ်တဲ့အကောင်
ရုပ်ကလည်းပြောင်စပ်စပ်
အလုပ်ကိုတော့တိတိကျကျလုပ်ပါရဲ့ လူလေးစားအောင်မနေ.. ..
အခုလည်း ခရီးထွက်ရပါမည်ဆိုမှ သောက်ဖို့ကစဥ်းစားနေသေးသည်

UNRIVALLEDWhere stories live. Discover now