20

1.3K 111 13
                                    

Unicode

ကမ္ဘာမှာ လူပေါင်းခုနှစ်ဘီလီယံကျော်ရှိကြတယ်တဲ့...
ဒီလိုများလွန်းတဲ့လူသားမျိုးနွယ်တွေထဲ ...
ကိုယ်တို့ရဲ့တွေ့ဆုံမှုက မတော်တဆလို့ဆိုနိုင်ရင်....
အရမ်းကိုလှပတဲ့ မတော်တဆပါပဲ..

Ost for this part: Beautiful accident -(EXO) Suho and Chen
*******

Gulfတို့အိမ်နှင့်အနည်းငယ်လှမ်းသည့်နေရာမှာ ကားရပ်လိုက်ပြီးသည့်တိုင် ကားထဲကနေမဆင်းဖြစ်ကြသေး...
Gulfက မလှုပ်မလျှက်ရှိနေပြီး အထဲဝင်ဖို့မပြောသေးတာကြောင့် သူလည်းအလိုက်သင့်ငြိမ်သက်ပေးနေလိုက်တော့သည်။
မည်သည့်စကားမျှမဆိုပဲ ဆုပ်ကိုင်ထားသောလက်တွေကိုသာ တွေတွေလေးငေးကြည့်နေသည့်Gulf..
ထိုလက်တို့ကိုပိုမိုတင်းကြပ်စေလိုက်ပြီး အနမ်းတစ်ပွင့်ခြွေချလိုက်ကာ...

"Gulf ဒီနေ့မပြောချင်သေးလည်းရတယ် ကလေးအဆင်ပြေတဲ့နေ့မှ.."

"မဟုတ်ဘူး ဒီနေ့ပြောမှကိုဖြစ်မှာ
အင်း... ဒီနေ့ပြောမှာ"

ကိုယ့်ဘာသာ​ရေရွတ်နေသည်လား Mewကိုပြောနေခြင်းလားမသဲကွဲ..
Gulfရဲ့လက်ဖမိုးကို သူ့ရဲ့လက်မလေးဖြင့်ခပ်ဖွဖွပွတ်သပ်ပေးနေမိတော့၏။

"အဲ့ဒါဆို ကိုယ်တို့ဝင်ကြတော့မလား?"

ခေါင်းညိတ်ပြခြင်းဖြင့် ဖြေလာတဲ့လူသားလေးက တကယ်တော့ရင့်ကျက်ချင်ယောင်ဆောင်ထားသောကလေးငယ်တစ်ယောက်သာ...
ထိုင်ခုံခါးပတ်ဖြုတ်ဖို့တောင် အယောင်ယောင်အမှားမှားဖြစ်နေတာကြောင့် သူပဲလုပ်ပေးလိုက်ရလေရဲ့..
ကားအပြင်ရောက်သည့်တိုင် ခြံတံခါးရှေ့ရပ်နေကြသည်က ဆယ်မိနစ်မျှ..တွဲထားသောလက်ကလေးကို တစ်ချက်ဖျစ်လ်ိုက်ပြီး Mew ဘဲလ်တီးလိုက်တော့သည်၏။

phi Graceကထွက်လာပြီး..တွဲထားသောလက်တို့ကိုမြင်တော့ အပြုံးကပိုမိုတောက်ပသွားဟန်...

"လာကြ  ညနေစာတောင်စားကြတော့မလို့ မင်းတို့ရောမစားခဲ့ရသေးရင်တစ်ခါတည်းဝင်စားလိုက်"

တုံ့ဆိုင်းနေသောကောင်လေးကို Mewကပဲဦးဆောင်ခေါ်သွားရပြီး အိမ်ထဲမဝင်ခင် တွဲထားသောလက်တို့ကိုဖြုတ်မည်အပြု..
Gulfကအဖြုတ်မခံဘဲ သူ့ဘက်ကိုပင်ဆွဲယူလိုက်သေးသည်။
မျက်ဝန်းညိုတွေထဲအကြည့်ပို့မိတော့ အစောကနှင့်ဆန့်ကျင်စွာ ရဲဝံ့မှုတို့အပြည့်...

UNRIVALLEDWhere stories live. Discover now