19

1K 105 12
                                    

Unicode

ငါတို့အချစ်က မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လက်တွဲမဖြုတ်ဘဲ အတူတူကြိုးစားကြည့်ရအောင်....

Ost for this part _Coming of age-BKPP

"ဟုတ်တယ် phi ကျွန်တော်အိမ်ပြန်ရောက်နေတာ ကွန်ဒိုမှာမဟုတ်ဘူး"

ဖုန်းကို နားနဲ့ပခုံးကြားကပ်ကာ ဗီဒိုတံခါးကိုဆွဲဖွင့်လိုက်သည်
အဝတ်တန်းတွင်ချိတ်ထားသော အပေါ်ဝတ်အင်္ကျီတို့ကိုရွေးနေပေမယ့် တစ်ထည်မှစိတ်တိုင်းမကျ၊
ထပ်ခါတလဲလဲ လှန်လှောအပြီးတွင်တော့ hoodieအဖြူရောင်ကိုရွေးလိုက်တော့၏..
ဘောင်းဘီအနက်စင်းအပွကိုမှ စတိုင်ပန့်အသားလိုမျိုးမို့ ခြေဖမိုးတို့ဖုံးသည်အထိပုံကျနေတော့သည်၊
ဆံပင်ခွေခွေတို့နှင့် Gulfပုံစံက တကယ့်ကို တက္ကသိုလ်ကျောင်းသားပေါက်စအတိုင်း..
ခုံပေါ်တင်ကာ စပီကာဖွင့်ထားသော ဖုန်းမှတဆင့်  Mewအသံက အခန်းထဲပဲ့တင်ထပ်နေတော့သည်။

"အဲ့တာဆ်ို ကိုယ်အခု Gulfဆီလာလို့ရပြီလား
ပြင်ဆင်လို့ပြီးပြီလား အကောင်ပေါက်?"

Gulf ဆံပင်ကို ခရင်မ်အနည်းငယ်လူးပြီးနောက် ဖုန်းစပီကာကို ပိတ်လိုက်သည်။

"အင်း ရပြီ"

"အိုခေဗျာ"

Gulf အောက်ထပ်ဆင်းလာတော့ phoက ဧည့်ခန်းတွင် သတင်းစာဖတ်နေပြီး maeက ပန်းအိုးများကိုအလှဆင်နေသည်
ယောက်ဖနှင့် ကလေးတွေကတော့အပြင်သွားကြဟန်..phi Graceကအိမ်အပြင်စားပွဲမှာ Laptopတစ်လုံးနှင့်အလုပ်ရှုပ်နေသည်ကို မှန်သားနံရံကနေတဆင့်တွေ့နေရသည်..
သူ့ကိုမြင်တော့ အနားလာရန် လက်ဟန်ပြခေါ်လေ၏။

"ဘာပြောမလို့လဲ phi"

"Mewနဲ့ဒိတ်မလို့လား"

"phi!"

မလုံမလဲ phoနှင့်maeကို မျက်လုံးဝေ့မိတော့ သူတို့ကိုသတိပြုမိပုံမရ၊သူကသာ မဟုတ်သူမို့ အိုးမလုံနေရခြင်း။

"မင်းက ဒီလိုပဲတစ်သက်လုံးဖုံးကွယ်သွားမလို့လား
အဲ့လိုနေလို့ရောရမှာတဲ့လား"

အလေးအနက်ဆိုလာသော စကားတို့အောက် သူဘယ်လိုတုံ့ပြန်ရမယ်မသိတော့..
မစဥ်းစားထားဘူးဆိုရင် လိမ်ရာကျပေမည်
တကယ်က သည်အတိုင်းနေသွားလို့မှမရသည်ပဲ ၊ဖွင့်ဟဖို့ကျလည်း ကြောက်ရွံ့နေပြန်သေးသည်။

UNRIVALLEDWhere stories live. Discover now