6

2.6K 230 42
                                    

Unicode

ချစ်တယ်ဆိုတဲ့ စကားက ကိုယ်တို့အတွက်ဖွင့်ဟပြောဖို့ ခက်ခဲခဲ့တယ်
ကိုယ်တို့အတွက်...
အင်း ...ကိုယ်တို့နှစ်ယောက်အတွက်...

Ost for this part _Maroon5-Memories

__________

အပြစ်ပေးခံရပြီးနောက်တစ်နေ့...

Mew ကျောင်းမသွားချင်ဘူး
Gulfကို ရင်မဆိုင်ရဲဘူး
အမှန်အတိုင်းပြောရရင် ဒီလိုမဝံ့မရဲဖြစ်တာက သူ့ပုံစံမဟုတ်တာတော့အသေအချာပဲ

အခုမှရင်းနှီးတဲ့ သူငယ်ချင်းအပေါ်ဒီလောက်ထိ အလုံးစုံနစ်ဝင်သွားတယ်လို့တော့မပြောနဲ့

ခင်ဗျားတို့လည်းဖြစ်ဖူးကြမှာပဲ

တစ်စုံတစ်ယောက်ကို တစ်ခါလောက်မြင်ဖူးရုံနဲ့ နှလုံးသားထဲအထိနေရာပေးချင်သွားတာမျိုးပေါ့

Platonic Love?

တခြားဟာတော့ မစဥ်းစားတတ်ပေမယ့် Gulfကို သဘောကျသည်
အဲ့တာဆို တော်ပြီပေါ့

အဲ့နေ့က ​အားကစားကွင်းကိုပတ်ပြေးရတော့လည်း Gulfက သူ့ကိုတစ်စက်ကလေးမှမကြည့်ခဲ့ဘူး..
ဘေးကနေ သိသိသာသာ သူ့ကိုလှည့်ကြည့်လာမလားဆိုပြီး ငံ့လင့်နေခဲ့ပေမယ့်...

​အဝတ်တွေက ရေစိုထားတဲ့အတိုင်းချွေးစိုနေတာကို သဘက်နဲ့သုတ်ပေးချင်ပေမယ့်....

အပြန်ကျတော့လည်း သူ့ကိုတစ်ချက်လေးမှ အဖက်မလုပ်ဘဲ ပြန်သွားလေရဲ့

တော်ပြီ ဒီနေ့ကျောင်းမသွားတော့ဘူး

....

ပြတင်းပေါက်နားက လစ်လပ်နေတဲ့ နေရာကိုကြည့်ပြီး Gulfသက်ပြင်းချမိသည်
တကယ်ဆို စိတ်ဆိုးရမှာ Gulfမဟုတ်ဘူးလား..
သူကတစ်ပြန်ကြီး ကောက်သွားတာလား..

မနေ့က အိမ်အပြန်နောက်ကျလို့ Maeရဲ့စစ်မေးတာကိုခံလိုက်ရသေးသည်
ပြေးထားရလို့ မလှမ်းနိုင်လောက်အောင်နာနေတဲ့ ခြေထောက်တွေကိုလည်း Maeတို့မရိပ်မိအောင် ဖော့ပြီးလျောက်ရသေးသည်

အသက်၁၈နှစ်ရောက်တဲ့အထိ ဒီလိုစည်းကမ်းဖောက်ဖျတ်တယ်ဆိုတာ လုပ်ဖို့နေနေသာသာ တွေးတောင်မတွေးမိ

UNRIVALLEDWhere stories live. Discover now