3

3.2K 232 33
                                    

ငှက်ကလေးတွေ ကိုယ့်ဆီကိုပျံသန်းလာခဲ့ပေးပါ
သူနဲ့ခြေတစ်လှမ်းပိုပြီးနီးစပ်ခွင့်ရအောင်လို့
ကိုယ်တို့ကြားမှာ တံတားလေးတစ်စင်းအဖြစ်ရပ်တည်ပေးပါ

Ost for this part_Monsta X- If only

****
Unicode

အဲ့နေ့နောက်ပိုင်းကစပြီး ကျွန်တော် Gulfနဲ့မတွေ့ဖြစ်တော့တာပဲ
လုပ်ငန်းခွင်မတူတာရယ် ဆက်သွယ်ဖို့အကြောင်းပြချက်မရှိတာရယ်...
ရယ်တော့ရယ်ရတယ်နော်
တစ်ချိန်က တစ်ယောက်မရှိရင် တစ်ယောက်ကမနေနိုင်ပါဘူးဆိုတဲ့သူတွေက အခုကျ.....
အဲ့....Gulfရဲ့ ဖုန်းနံပါတ်နဲ့SNS accတွေတော့တောင်းခဲ့သည်
ဒါတောင် ကိုယ်တော်လေးက အင်တင်တင်နဲ့ ပေးချင်သည့်ပုံမပေါ်
ဟက်...တကယ့်ကို အချေMew  Suppasitတို့က Kanawutနဲ့ကျမှပဲ....

ကျွန်တော် တကယ်စဉ်းစားမရဘူး
ဘာတွေက Gulfကိုပြောင်းလဲသွားစေတာလဲ
ကျွန်တော်တို့တွေ အဆင်ပြေခဲ့ကြတယ်လေ
ညီအစ်ကိုအရင်းတွေထက်တောင် ချစ်ခဲ့ကြသေးတာပဲ
ဘာလဲ...ကျွန်တော် ရည်းစားရသွားလို့လား
အဲ့လိုပြောရအောင်ကလည်း ကောင်မလေးတစ်ယောက်ကိုကြိုက်နေပြီပြောတာတောင် အပြုံးမပျက်ခဲ့ဘူးလေ

တကယ်ပဲ...ကျွန်တော့်ရဲ့ဘယ်အရာက Gulfကိုစိတ်ဆိုးစေခဲ့တာလဲ...

"ဆရာ"

"...."

"ဆရာ လက်မှတ်ထိုးပေးအုံးလေ"

"ဟေ...အော် အေး အေး"

အတွင်းရေးမှူးကောင်လေးရဲ့အသံကြားမှ အသိပြန်ဝင်လာသည်
ဟူး....Gulf Kanawutရေ....

....

နေ့လည်Break timeမှာ ရုံးကကန်တင်းမှာ စားဖို့စိတ်ကူးထားပေမယ့် ရုတ်တရက်Gulfကိုအရမ်းတွေ့ချင်လာသည်
မတွေ့ရတာဘယ်နှစ်နှစ်တောင်ကြာပြီမလို့လဲ
ဟိုတစ်နေ့ကတွေ့ရတာကိုလည်း ခဏလေးလို့ပဲထင်နေမိသည်

"၁၂တောင်ထိုးတော့မှာပဲ အားလောက်ပါပြီ"

သူ Gulfကိုဖုန်းဆက်ဖို့ပြင်ပြီးမှ ဖုန်းကိုပြန်သိမ်းလိုက်သည်
ကြိုဆက်ထားရင် ကောင်လေးကငြင်းနေအုံးမှာ ဆေးရုံရောက်မှပဲပြောလိုက်တော့မည်

UNRIVALLEDWhere stories live. Discover now