9

3K 287 56
                                    

Unicode

I don't know why you hide from the one
And close your eyes to the one
Mess up and lie to the one that you love

Ost for this part_Marshmello and Halsey-Be kind
..

မနက်၅နာရီပဲရှိသေးပေမယ့် အကျင့်ပါနေသော မျက်လုံးတို့ကြောင့် Gulfဆက်အိပ်မရတော့ပေ
မိမိခါးပေါ်က လက်တွေကိုအသာဖယ်ခွာလိုက်ကာ ထိုလက်တွေပိုင်ရှင်ကိုကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်

နှုတ်ခမ်းပါးတို့က တစ်ချက်တစ်ချက် လှုပ်ခတ်သွားသလို မျက်ခုံးတို့ကကြည့်နေစဥ်ကိုပင် တွန့်ချိုးသွားလျက်..
ဘာတွေများ အိပ်မက်မက်နေလို့ပါလိမ့်
မျက်မှောင်ကြုံ့နေသည်ကို လက်ချောင်းများနှင့် ဆန့်တန်းပေးလိုက်သည် ထိုလက်များကိုဆုပ်ကိုင်လာတော့ Gulfလန့်သွားကာ လက်ကိုရုတ်လိုက်သည်

"အင်း~~~~ အစောကြီးကိုဘာလို့နိုးနေတာလဲ"

"ဂျူတီရှိတော့ မနက်ထရင်းအကျင့်ပါသွားတာ"

"မိုးတောင်မလင်းသေးဘူးကို"

နှုတ်ခမ်းကိုဆူကာပြောလိုက်ပုံက CEOတစ်ယောက်မှဟုတ်ရဲ့လား
Mewအိပ်နေသည့်ဘေး တင်ပါးလွှဲထိုင်ထားရာမှ ထမည်အလုပ်
သူ့လက်ကိုပြန်ဆွဲထားသည်

"ကျွန်တော်ရေချိုးတော့မယ် Condoပြန်ရဦးမှာနဲ့ဆို ဆေးရုံသွားတာနောက်ကျလိမ့်မယ်"

"အဲ့ဒါဆို ကိုယ်ကရော... နေခဲ့ရမှာလား
Gulfမှမရှိဘဲ ကိုယ်တစ်ယောက်တည်းကို"

အခုGulfကို စကားပြောနေသော Mew Suppasitသည် နှစ်ဆယ့်ကိုးနှစ်အရွယ် CEOမဟုတ်တာတော့သေချာသည်
အရင်ကျောင်းသားဘဝတုန်းက သူ့ရဲ့နှစ်ယောက်မရှိတဲ့ Khun Piပဲဖြစ်ရမည်
ကုတင်ပေါ် ထထိုင်ကာ သဘောမတူကြောင်း လက်တွေပိုက်ကာပြောနေပုံက..
Gulf ခပ်ဟဟရယ်လိုက်ကာ..

"phiခဏအိပ်ရင်အိပ်လိုက်ဦး ကျွန်တော်ရေချိုးပြီးရင် နှိုးမယ်
ပြီးတော့ ကျွန်တော်ပြန်ရင်တစ်ခါတည်းလိုက်ခဲ့ပေါ့"

"မပြန်လို့မရဘူးလား ကိုယ်လည်းမပြန်ဘူးလေ"

"ပြောရကြပ်လိုက်တာ phiရယ်
Prinအစားရင်လေးတယ်"

UNRIVALLEDWhere stories live. Discover now