4

2.9K 249 29
                                    

Unicode

တစ်နေ့နေ့တော့ ဒီလောက်ထိဖြစ်ကြလိမ့်မယ်လို့ မတွေးမိခဲ့ပဲ....
ရှေ့ဆက်လျောက်မယ့်လမ်းမှာ ပျော်ပါစေလို့ ဆုတောင်းပေးပါတယ်.... P'

Ost for this part_Bunny Phyo-ဟိုအရင်လို..

....

ဒီနေ့ Off dayဆိုတော့ Gulfဘယ်လိုအချိန်ဖြုန်းရမလဲစဥ်းစားနေသည်
အိမ်ပဲပြန်ရမလား ...အိမ်မပြန်ဖြစ်တာတော့ကြာပြီ...

Maeတို့နဲ့ ညတိုင်းဖုန်းပြောဖြစ်ပေမယ့် မတွေ့ဖြစ်တာ ၃ပတ်လောက်ရှိတော့မည်
နောက်ပြီး...တူမလေးနှစ်ယောက်ကိုရော..

သူပစ်ထားမိတာတွေ အတော်များနေပြီပဲ...

တစ်ပတ်လုံးမှ နားရက်က တစ်ရက်လောက်ဆိုတော့ ...အဲ့တစ်ရက်ကိုဘယ်မှမသွားပဲ condoမှာပဲ တစ်နေကုန်အိပ်သည်

သူစ်ိတ်ချမ်းသာဖို့အတွက်နဲ့တင် Maeတို့ကိုပါ ပစ်ထားမိတာပဲ....

သူ့စိတ်ထဲ အားနာမှုတို့ကကြီးစိုးသွားသည်

အိုခေ...အိမ်ပြန်ကြမယ်!

Gulf ရေချိုး အဝတ်အစားလဲပြီးနောက် Kaoဆီကဖုန်းဆက်လာလေသည်
သေချာပေါက် လျောက်လည်ဖို့ပဲပေါ့..

"Gulf ငါနဲ့တစ်နေရာလိုက်ခဲ့ပေးပါလား"

"အရေးကြီးလား ...အရေးမကြီးရင် ငါအိမ်ပြန်မလို့"

"အဲ့ဒါဆို ရတယ် ဖျတ်လိုက်မယ်..အရေးမကြီးဘူး
ငါရော မင်းအိမ်လိုက်ခဲ့မယ်
Khun Maeကိုလည်းမတွေ့တာကြာပြီ"

အဲ့ကောင်ကအိမ်လိုက်လာပြီးရင် Maeနားပဲ ကပ်ချွဲနေတာ...သားအရင်းဖြစ်တဲ့သူ့ကိုတောင် Maeက မေ့ မေ့သွားတာများ...

"အေး လိုက်မှာဆိုလည်း အမြန်လာ
ငါက အခုပဲသွားတော့မလို့"

"အိုခေ အသည်း
အခုထွက်ခဲ့ပြီ ငါ့ကားနဲ့ပဲသွားမယ်"

"မင်းမောင်းရမှာပဲ"

Gulfက သူတစ်ယောက်တည်းဆိုရင်သာ ကိုယ်တိုင်မောင်းတာ..သူများနဲ့ဆို ဘေးကလိုက်တာများသည်

phi Mewနဲ့တုန်းကလည်း ထိုအတိုင်းပင်..
phiက Gulfကိုအရင်ပို့ပြီးမှ သူ့ကျောင်းကိုသွားတာဖြစ်သည်

UNRIVALLEDDonde viven las historias. Descúbrelo ahora