အခန်း (၂၇)/အခနျး (၂၇)

Start from the beginning
                                    

ဟုတ်သည်၊ သူ၏ ဗလာဖြစ်နေသည့် နှလုံးသားသည် သူမသာလျှင် တင်းကြပ်နေအောင်ဖြည့်စွက်ပေးနိုင်မည်ဖြစ်ပြီး၊ နောက်ထပ် ဘယ်တော့မှ ဗလာမဖြစ်လေအောင် ဆောင်ရွက်ပေးနေတော့မှာဖြစ်သည်။

တုလင်းလန်သည် သူမ၏ နှလုံးသားကို ပုံမှန်အတိုင်း ခုန်နိုင်အောင် မစွမ်းဆောင်နိုင်ပေ၊ ဒီ့အတွက် သူမ၏ ခံစားချက်တို့ကို ဖော်ပြနိုင်စွမ်း ရှိမနေ။ သူမ၏ လက်သေးသေးလေး နှစ်ဖက်ဖြင့် သူ့မျက်နှာကိုသာ အုပ်ကိုင်ထားပေးနိုင်ပြီး မြတ်နိုးစိတ်၊ သနားစိတ်တို့အပြည့်ဖြင့် သူ့နှုတ်ခမ်းတို့ကို နမ်းရှိုက်လိုက်ရုံသာ တတ်နိုင်တော့သည်။ သူ့နည်းအတိုင်း သူမလေ့လာပြီး ညင်သာစွာ လျက်ယူ စုပ်ယူခြင်းဖြင့်ပေါ့။

ဟန်လော့ထင်းသည်လည်း ကယ်ရာမဲ့စွာဖြင့် သူမကို တင်းနေအောင် ဖက်ထားမိလိုက်သည်။ သူ၏ အရပ်ရှည်ရှည်ကိုယ်ထည်သည် သူမကို အုပ်မိုးထားလျက်ရှိပြီး သူမ၏ ဗိုက်ကို မဖိမိရလေအောင် သူ့ကိုယ်အလေးချိန်ကို ဂရုတစိုက်ထိန်းထားနေရသည်။

သူမကို နောက်တစ်ကြိမ် တင်းနေအောင်ဖက်ထားပြီး၊ သူမ၏ ဗိုက်ကို ဂရုတစိုက်ပြူမူနေသည်ကို တုလင်းလန် တွေ့မြင်နေရသည်။ သူ၏ ပုံစံ အင်မတန်မှ ဒုက္ခတွေ့နေပုံကို မြင်ရချိန်တွင်၊ ထိုတခဏတွင် တုလင်းလန် သူမကိုယ် သူမ သတိမမူမိလိုက်ချိန်မှာပင် သူမ လှည့်လိုက်ပြီး သူ့အပေါ်တွင်တက်ကာ ထိုင်လိုက်တော့သည်။

"အရူး..." သူမ တီးတိုးရေရွတ်လိုက်ရင်း ငုံ့ကိုင်းကာ သူ့ကို နမ်းလိုက်သည်။

သူမ နှုတ်ခမ်းတို့သည် တကယ့်ကိုပင် ချိုမြိန်သည်၊ ချိုမြိန်လွန်း၍ သူ လုံးဝ မလွှတ်ပေးချင်ပေ။ သူ ပိုပို၍သာ လိုချင်လျက်ရှိပြီး ပိုပို၍သာ နက်နက်ရှိုင်းရှိုင်း နမ်းနေမိတော့သည်။

ကိုယ်အပေါ်ပိုင်းကို အနည်းငယ်မတ်လိုက်ရင်း သူမ နှုတ်ခမ်းတွေကို သူ သေသေချာချာနမ်းရှိုက်ပါတော့သည်။ တစ်ခါတစ်ရံ ညင်သာ၍ တစ်ခါတစ်ရံတော့ ပြင်းထန်နေသည်။ ဒီအနမ်းတစ်ခုကပင် သူမကို ခန္ဓာကိုယ်ကို နူးညံ့သွာစေပြီး နွေဦးကဲ့သို့ စွဲမက်ဖွယ်ကောင်းစေသည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now