Chan : " မေမေ ခနလေးနော် ။ ကျွန်တော်အောက်ဆင်းလာခဲ့မယ်။ ပေါက်စ ကို ခနကြည့်လိုက်အုံးမယ် "

မေမေတို့ကတော့ ခေါင်းငြိမ့်ပြကာအိမ်ထံပြန်ဝင်သွားသည်။ အဖေနှစ်ယောက်ကတော့ ဘာထင်သွားတယ်တော့မသိဘူး လက်မတွေထောင်ပြကာပြုံးစိစိနဲ့ဝင်သွားကြသည်။ Chan လည်းအူကြောင်ကြောင်ပုံစံနဲ့ကြည့်ပေးလိုက်ပြီးပေါက်စဘက်ပြန်လှည့်တော့ လူကိုပြုံးစိစိနဲ့ကြည့်နေပြန်သည်။

Chan : " အဲ့လောက်ရယ်ရတယ်ပေါ့ ကိုယ်လဲသွားတာက "

KS : " omm အဲ ဟီး အဲ့သဘောပြောတာမဟုတ်ဘူး "

Chan : " အဲ့သဘောမဟုတ်လို့ဘယ်သဘောတုန်း "

KS : " ဘာလဲ အဲ့နေရာမှာလူကြီးဆိုလည်းရယ်မှာပဲကို "

Chan : " ခင်ဗျားလေးလောက်တော့မဟုတ်ပါဘူးဗျာ ။ ဘယ်နှယ့်ရယ်နေတာမပြီးတော့ဘူး "

KS : " ဟီး အစက အဲ့လောက်မဟုတ်ဘူး ။ မေမေတို့ကြောင့်ပိုရီချင်သွားတာ "

Chan : " ဟုတ်ပါပြီဗျာ အဲ့လိုရယ်မောရအောင် လုပ်ပေးတဲ့ကျွန်တော်မျိုးကြီးကို စိတ်မဆိုးပါနဲ့တော့လို့ "

KS : " အယ် ကျွန်တော်က စိတ်ဆိုးတယ်?? "

Chan : " ခင်ဗျားလေးက ဒီကကျွန်တော်မျိုးကြီးကိုစိတ်ဆိုးပြီးထွက်သွားတာလူတိုင်းသိတယ်။ အခုမှ မသိချင်ထောင် ထောင်နေတယ် "

KS : " အဲ့တုန်းက လူကြီးက ကျွန်တော့်ကို.....တော်ပြီဗျာမပြောတော့ဘူး "

Chan : " မပြောပါနဲ့တော့ ကိုယ်မှားမို့တောင်းပန်တယ်နော်။ စိတ်ဆိုးတာတော့ပြေပေး "

KS : " ommပါ လူကြီးက ကျွန်တော့်ကို ရယ်စရာတွေကျွေးထားတာဆိုတော့ ပြေပေးရမှာပေါ့ ။ နောက်တစ်ခါဆို sorry ပဲ "

Chan : " ဟုတ်ပါပြီကွာ ကိုယ့်ရဲ့ပေါက်စလေး "

Chan ပေါက်စရဲ့ဆံပင်ကိုဆွဲဖွပြီးပြောလိုက်တော့

KS :" ကျွန်တော်ကလေးမဟုတ်ဘူးနော် အားအားရှိဆံပင်ပဲလာဖွနေတယ် "

ဆံပင်တွေကိုပြန်သပ်ချရင်းပြောလာသည်။

Chan : " အသဲယားစရာကောင်းလို့ပါကွာ ။ အဲ့တာဆို ကိုယ်မေမေတို့ဆီသွားလိုက်အုံးမယ်။ အိပ်ရာမှာပဲနေ "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Hikayelerin yaşadığı yer. Şimdi keşfedin