ရင်ပြင်ကချက်ချင်းပင်မူလပုံမှန်အကျယ် ကိုပြန်ရသွားပြီးဘာမှမရှိတဲ့ပုံစံကိုချက် ချင်းပြန်ရောက်သွားကာနောက်တစ် ခေါက်အဖွင့်အားတိတ်တဆိတ်ပြန် စောင့်ဆိုင်းနေခဲ့တော့သည်။ရလဒ်အရ တော့အနက်ရောင်အဝတ်စဖုံးအုပ်ထား သောခရစ်စတယ်ကျောက်တုန်းရဲ့ထိပ် ပိုင်းမှာရုတ်တရက်တောက်ပသွားခဲ့ သည့်အဝါရောင်အလင်းထွက်ပေါ် သွားသည်ကိုမည်သူမှမသိရှိသွားကြ ခြင်းပင်ဖြစ်လေသည်။

.....................

"မနေ့ကမိုးရွာခဲ့တော့မြို့ပြင်ကသစ် တောမှမှိုလတ်လတ်ဆတ်ဆတ်တွေ ရှိလောက်တယ်....အဘွားနဲ့အန်တီ မီလာတို့မြို့ပြင်ထွက်ပြီးမှိုတစ်ချို့ သွားကောက်လိုက်ဦးမယ်နော်...နေ့ လည်စာအတွက်တော့မီးဖိုချောင်ထဲ သွားလိုက်....နွှေးပြီးစားရုံပဲ....အဘွား မုန့်ညက်တစ်ချို့လည်းလုပ်ပြီးစားဖို့ ထားထားပေးတယ်...ညနေပိုင်း အဘွားပြန်လာတာကိုစောင့်နေနော် မှိုဟင်းချိုချက်ပေးမယ်"

ဗစ်ရှာကတုတ်ချောင်းပုံသဏ္ဍာန် ကြောင်အရုပ်အားလှည့်ပြီးမြေပေါ်မှ ခြေထောက်တိုတိုလေးများဖြင့်အဖြူ ရောင်ကြောင်သေးသေးလေးအားစ နေသည့်အဲလ်ဗစ်ကိုလှမ်းပြောလိုက် သည်။သူမကမျက်နှာပေါ်တွင်အပြုံး တစ်ခုဖြင့်ဧည့်ခန်းထဲတွင်ထိုင်နေပြီး သူမရဲ့လက်ထဲတွင်ဝါးခြင်းတောင်း တစ်ခုအားကိုင်ထားလေသည်။

"ဟုတ်ကဲ့ဘွားဘွား"

အဲလ်ဗစ်ကသူ့ခေါင်းကိုလှည့်လိုက်ပြီး ဗစ်ရှာအားရွှင်လန်းနေသည့်အပြုံးတစ် ခုဖြင့်လက်ဝှေ့ယမ်းပြလိုက်သည်။

"လမ်းမှာသတိထားသွားနော် ပြီးတော့စောစောပြန်လာခဲ့"

ဗစ်ရှာကခေါင်းညိမ့်ပြလိုက်ပြီး မတ်တပ်ရပ်ကာပိတ်ထားသည့် တံခါးဆီသို့သွား၍အလျင်အမြန်ပဲ ထွက်သွားလိုက်တော့သည်။

အဲလ်ဗစ်ကသူ့ခေါင်းကိုနောက်တစ်ဖန် ုပြန်ငုံ့လိုက်ပြီးတုတ်ချောင်းလေးကိုလှုပ် ၍ကြောင်လေးအားဆက်စလိုက်သော် လည်းမူကကပတ်ပတ်လည်လှည့်ပြီး တစ်ချိန်လုံးသူ့ခြေသည်းလေးများအား ထုတ်ကာတုတ်ကိုလိုက်ဖမ်းနေခဲ့သည့် ထိုကြောင်သေးလေးကမမျှော်လင့်ပါ ပဲမြေပေါ်တွင်သူ့တင်ပါးလေးဖြင့်ထိုင်ချ လိုက်ပြီးသူ့ရှေ့ခြေနှစ်ဖက်ဖြင့်မျက်လုံး ကိုအုပ်ထားလိုက်သည်။သူ့ရဲ့ဆူဖြိုး နေသည့်တင်ပါးလေးကတော့သူ့ကို မျက်နှာမူထားပြီးထပ်ဆော့ခြင်စိတ် မရှိတော့သည့်ပုံပေါ်၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now