အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း

Начните с самого начала
                                    

"ငါ အထက်တန်းလွှာတွေ မုန်းတယ်လို့ ဘာလို့ထင်​နေရတာလဲ"

သူ၏ အမေးကို ရီဟွား လျှင်မြန်စွာ ရှင်းပြလိုက်သည်။ သူ ထိုလူ့အား သူ့လူ ဖြစ်အောင် ကြိုးစားရဦးမည်လေ။

"ငါနဲ့ ယွီလေး အထဲဝင်လာတော့ မင်း ယွီလေးကို လုံးဝ မကြည့်ဘဲ ငါ့ကိုဘဲ စူးစိုက်ကြည့်နေတယ်...မင်း မျက်လုံးမှာ မုန်းတီးရိပ်တွေလည်း စွန်းထင်းနေတယ်...မင်းနဲ့ငါ တစ်ခါမှ မတွေ့ဖူးဘူး...ဒါကြောင့် မင်း ရဲ့ အမုန်းအာဝါသတွေက ငါ့ကြောင့်မဟုတ်ဘဲ ငါ့ရဲ့ မျိုးရိုးမြင့် ဝတ်ပုံစားပုံကြောင့်ဆိုတာ နားလည်သွားတယ်...

နောက်ပြီး ပထမဆုံး မင်းပြောလိုက်တဲ့ စကားက ငါ့ရဲ့ အမြင်တွေ မှန်ကြောင်း ပိုသေချာသွားစေတယ်...မင်း ပျိုးထောင်ထားတဲ့ ကလေးတွေရဲ့ အသက်နဲ့ ကစားနေတဲ့ မင်းရဲ့လုပ်ရပ်ကမမှန်ဘူး...သူခိုးအလုပ်က မင်းရဲ့ အရည်အချင်းတွေကိုလည်း ဖြုန်းတီးရာကျတယ်....မင်း ငါ့ရဲ့လက်အောက်မှာ အမှုထမ်း...မင်း မုန်းတဲ့ အထက်တန်းလွှာတွေ မင်းကို မစော်ကားနိုင်တဲ့ အဆင့်အတန်းတစ်ခုရစေရမယ်လို့ ငါ အာမခံတယ်"

သူ့အား လိုချင်သည်ဟု ပြောသော အထက်တန်းလွှာ သခင်လေးအား ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်သည်။

မြင်သူတိုင်း ငေးသွားစေနိုင်သည့် ချောမောလွန်းသော မျက်နှာ။ တစ်ကိုယ်လုံးရှိ တန်ဖိုးကြီး အဆင်တန်ဆာများ။

နေမထိအောင် ပိုးမွေးသလို အမွေးခံထားရကြောင်း ထင်ရှားနေသည့် ဖြူဖွေးကာ နူးညံ့စိုပြေလွန်းသော အသားအရေ နှင့် ငယ်ရွယ်လွန်းလှသော သခင်လေးအား သူ မည်သို့ ယုံကြည်ရမည်နည်း။

သို့သော် ထိုသခင်လေး၏ တောက်ပလွန်းသော အညိုရောင်မျက်ဝန်းများသည် သူ့အား ယုံကြည်လိုက်ရန် ဆွဲဆောင်နေသည်။ သူ ပျိုးထောင်သင်ကြားထားသော ကလေးများရှိရာဆီသို့ ကြည့်လိုက်တော့ သူ့အား အားကိုးတကြီး ကြည့်နေရှာသော မျက်ဝန်းလေးများ။ သူ ဆုံးဖြတ်ချက် ချလိုက်သည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Место, где живут истории. Откройте их для себя