"​ဟေး...လရိပ်​ ဘဲလ်​ တီးမှာဖြင့်​ တီးလိုက်​ မဟုတ်​ဘူးဆိုလည်း အခြားအိမ်​ထပ်​ရှာစို့ ​နောက်​ကျ​နေလိမ့်​မယ်​...."

လမင်းရိပ်​ မျက်​လုံးမှိတ်​ကာ သက်​ပြင်း ချလိုက်​ပြီး ဘဲလ်​ ခလုတ်​သို့ လက်​လှမ်းလိုက်​သည်​.....။

တီတီ.....

ကားဟွန်းတီးသံ​ကြောင့်​ လမင်းရိပ်​ သူ့တို့ကား
အနားမှာလာရပ်​တဲ့ ကား​လေးကို ကြည့်​လိုက်
သည်​....။
ခဏအကြာတွင်​ ထိုကားထဲမှ အရပ်​ရှည်​ရှည်
နှင့်​ ​ကောင်​​လေး ထွက်​လို့လာသည်​.....။

"ကိုလမင်းရိပ်​ မဟုတ်​လား...."

လမင်းရိပ်​ သူ့အား လာနှုတ်​ဆက်​သည့်​ ​ကောင်
လေးအား ကြည့်​လိုက်​သည်​....။
ရင်းနှီးသ​ယောင်​ လာ​ရောက်​နှုတ်​ဆက်​​ပေမဲ့ မျက်​၀န်းများက စိမ်းသက်​ကာ နှုတ်​ခမ်းတို့က
တင်းတင်း​စေ့ထားသည်​.....။

"အင်း ဟုတ်​တယ်​ အကိုပါ..ဒီက ညီ​လေးနဲ့
အကို ဆုံဖူးလို့လား..."

"အင်း...ကိုလမင်းရိပ်​က မမှတ်​မိ​တော့ဘူး ထင်​တယ်​...ကျွန်​​တော့်​နာမည်​ ​စေတန်​.....
တစ်​​ခေါက်​က စား​သောက်​ဆိုင်​မှာ အကိုအ
လင်းသန့်​ကို လှမ်းဆွဲထားတုန်းက အကို့​ဘေး
မှာ ကျွန်​​တော်​ပါ ပါတယ်​..."

လမင်းရိပ်​ မျက်​၀န်း၌ ​မျှော်​လင့်​ချက်​တို့ဖြင့်​ လင်းလက်​လာသည်​....။
ဒီ​ကောင်​​လေးကများ အလင်းသန့်​ အိမ်​ကို
သိ​နေမလား...။

"အကို့မှာ ​ကောင်​မ​လေးရှိတယ်​ မဟုတ်​လား...အကို့ရည်းစားနဲ့ ​တွေ့တာကို...."

ကောင်​​လေးစကား​တွေက စည်း​ကျော်​​နေ​ပေ
မဲ့ လမင်းရိပ်​ ရင်​ထဲ ထိပ်​သွားတာ အမြန်​ဖြတ်
ပြောလိုက်​သည်​.....။

"ဟမ်...ခဏ​လေး အကို့မှာ ရည်းစားမရှိပါဘူး...."

ကောင်း​လေးရဲ့ မျက်​၀န်းတို့က တစ်​ချက်​လှုပ်
ခပ်​လို့သွားသည်​....။

"အမျိုးသမီးတစ်​​ယောက်​နဲ့ ​ဒီနှစ်​လမ်း
ကျော်​က ​ကော်​ဖီဆိုင်​မှာ ကိုလမင်းရိပ်​တို့
ဖက်​​နေတာကို အကိုက မြင်​သွားခဲ့တယ်​...."

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now