{၃၅}(End)

5.5K 160 37
                                    

Zawgi....

ကျွန်​​တော်​က​တော့ အကို့ကိုချစ်​တယ်
ဒီထက်​ပိုပြီး ​တောင်းတခွင့်​လည်း ကျွန်
တော့်​မှာ မရှိ​ခဲ့ပါဘူး။

သံသရမျက်​လုံး​တွေနဲ့အကိုက အားတင်း
ထားသမျှ ကျွန်​​တော့်​စိတ်​၀ိဥာဉ်​​တွေကို
မောင်းထုတ်​​နေရဲ့။

'ကိုယ်​​ကောင်းလျှင်​ ​ခေါင်းဘယ်​​ရွေ့'
ဆိုတဲ့ စကားပုံလည်း ကျွန်​​တော်​နဲ့သက်
ဆိုင်​လိမ့်​မည်​မထင်​​တော့ပါ။

"အလင်းသန့်​....အလင်းသန့်​"

ကျွန်​​တော့်​နားထဲမှာ ပဲ့တင်​ထပ်​သံ​တွေလား။
ကောင်းကင်​​ပေါ်မှာ...သူ။ကျွန်​​တော်​က...
မြေပြင်​မှာ။မိုး​တွေကလည်း...သဲလို့။မိုးခြိမ်း
သံ​တွေကလည်း....ညံလို့။မြေပြင်​​ပေါ်ကို
ခေတ္တခဏမျှ...သူဆင်းသက်​မလား ​မျှော်
လင့်​ခဲ့မိရဲ့။အိမ်​မက်​​တွေပါ။ကမ္ဘာပျက်​မတက်
ထစ်​ချုန်းစိုရွှဲမှုကြားမှာ....​မောဟိုက်​ကာ
ပြေးလွှားပုန်းကွယ်​ခဲ့သူ.....ကျွန်​​တော်​။

နည်းနည်း​လေး​တောင်​မှ.....ဆုံ​တွေ့ဖို့
မဖြစ်​နိုင်​​တော့ပါ။ကောင်းကင်​နဲ့​မြေကြီး
ဝေးကွာမှုမှ....ယခုတစ်​ဖန်​....​မြေပြို
ခဲ့​သော....ကျွန်​​တော့်​ကမ္ဘာငယ်​။

အကိုဟာ အကို့ကမ္ဘာ​မှာ​တောက်​ပလျှက်​..
ကျွန်​​တော်​​ငေး​မော့ကြည့်​ရန်​ပင်​......
မစွမ်းနိုင်​ခဲ့​သော။နောက်​ဆုံးအကြိမ်​အဖြစ်
ငေးကြည့်​ခွင့်​ရခဲ့သည့်​...အကိုမျက်​နှာ​ချော
ချောက....လွမ်းဆွတ်​ဖွယ်​အတိ။

"အဖ ဦးထွဋ္ဌ်​​ခေါင်​လင်း ၏သား ​မောင်​အလင်းသန့်​အားလူသတ်​မှုဖြင့်​ ​ထောင်​ဒဏ်​အနှစ်​၂၀ချမှတ်​လိုက်​သည်​...."

တရားသူကြီး အမိန့်​ချမှတ်​အပြီးတွင်
လာ​ရောက်​ကြည့်​ရှူကြ​သော သူ
များ၏ ​ကောင်းသည်​၊ဆိုးသည်​ ​ဝေ
ဖန်​မှုများ ကျွတ်​ကျွတ်​ညံလို့လာသည်​။

အလင်းသန့်​ ခပ်​ပါးပါးပြုံးကာ လာ​ရောက်
တပ်​ဆင်​လိုက်​သည့်​ သူ့လက်​ကောက်​၀တ်​မှ
လက်​ထိပ်​​လေးအား ကြည့်​မိသည်​။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now