{၁၉}

2K 153 4
                                    

Zawgi...

တ​ဝေါ​ဝေါ တိုက်​ခက်​လို့​နေသည့်​ ပြင်​ပ
က မိုးသံ၊​လေသံများနှင့်​ခြားနားစွာ အ
ခန်း​​လေးတစ်​ခုအတွင်း၌ ငြိမ်​သက်​တိတ်
ဆိတ်​​နေခဲ့သည်​။

ခပ်​စူးစူးစိုက်​ကြည့်​လို့​နေ​သော မျက်​၀န်း
များကို ​ရှောင်​ဖယ်​နိုင်​ရန်​ ​ခေါင်းငိုက်​စိုက်
ချလျက်​ ငြိမ်​ကုတ်​ကာထိုင်​​နေမိသည်​မှာ
မိနစ်​အ​တော်​ပင်​ ကုန်​လွန်​​နေ​လောက်​ပြီ
ထင်​သည်​။

"ကျွန်​​တော့်​ကို ​ပြောပါ အကို...ကျွန်​​တော့်
ကို အထင်​​သေးသွားသလား ကျွန်​​တော့်​ကို
ရွံရှာသွားသလား...ဘာ​တွေပဲ ဖြစ်​ဖြစ်​ပါ
ကျွန်​​တော်​က​တော့ အဲ့တာ​တွေ ဂရုမစိုက်​ဘူး
ဆိုတာ အကိုသိထားပါ...."

ရတု သူ့မျက်​လုံး​တွေထဲကို အ​ဖြေရှာမိတဲ့
အခါ အနိုင်​လိုခြင်း​တွေ၊ပိုင်​ဆိုင်​လိုခြင်း​တွေ
သာ ကြီးစိုးလို့​နေတယ်​။

"ငါလည်း မင်းကိုချစ်​ပါတယ်​ ပိုင်​စံလင်း"

တည်​ငြိမ်​ပြက်​သား​သော ရတုအ​ဖြေကြား
သည်​နှင့်​ သူက ​အောင်​နိုင်​သူတစ်​​ယောက်
လိုပြုံးတယ်​။

"ဒါဆို ဘာလို​သေးလို့လဲ အကို ကျွန်​​တော်
တို့ တစ်​​ယောက်​ကို တစ်​​ယောက်​ချစ်​​နေ.."

"ငါ​ပြောတာမပြီး​သေးဘူး​လေ စံ"

သူ့စကား မဆုံးခင်​ဖြတ်​​ပြောလိုက်​သည့်
ကျွန်​​တော့်​အား မျက်​​မှောင်​ကြုတ်ကာ
ကြည့်​​နေပြန်​သည်​။

"ငါလည်းမင်းကိုချစ်​တယ်​​လေ...ဒါ​ပေမဲ့
မင်းချစ်​သလို မဟုတ်​ဘူး..ငါက..ငါက
မင်းကို ညီအကို​တွေလိုပဲ ချစ်​တာ......"

"ခင်​ဗျား...​သေချာလား..."

ကျွန်​​တော့်​အထင်​လား မသဲကွဲ​ပေမဲ့ သူ့
အသံ​တွေက​တော့ သိသိသာသာ မာ​ကြော
၊တုန်​ရင်​​နေခဲ့ပြန်​တယ်​။

"အင်း...."

ကျွန်​​တော့်​စကား အဆုံးမှာ မတ်​တတ်​ရပ်
ကာ တ​ဖြေး​ဖြေး​လျောက်​လာ​သော သူက
ကျွန်​​တော်​ထိုင်​​နေတဲ့ ခုံရဲ့​ဘေးတစ်​ဖက်
တစ်​ချက်​မှာရှိတဲ့ လက်​တန်း​ပေါ် သူ့လက်
တို့တင်​ကာ ကျွန်​​တော့်​မျက်​နှာနား သူ့မျက်
နှာကို တိုးကပ်​​စေပြန်​တယ်​။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now