(၃၅)+(၉)

724 42 4
                                    

Zawgyi....

သူမကို ​ပွေ့ဖက်​ခဲ့တဲ့လက်​နဲ့ ကျွန်​​တော့်​ကို
ပွေ့ဖတ်​တယ်​၊သူမကို ချစ်​စကား တဖွဖွ​ပြော
ခဲ့တဲ့ နှုတ်​ခမ်းတစ်​စုံနဲ့ ကျွန်​​တော့်​ကို ချစ်​စကား
ပြောပြန်​တယ်​.......။

ဒါက လှပတဲ့ ​ခေတ်​သစ်​ပုံပြင်​ပဲ၊အဆုံးသတ်​မှာ
နတ်​သမီးပုံပြင်​​တွေလို ​ကျေနပ်​မှု မ​ပေးနိုင်​ဘူး.....။

သူ့ကိုယ်​​လေးကို ​ပွေ့ဖတ်​ထားတဲ့ လမင်းရိပ်
ရဲ့ ရင်​ဖက်​ကို အလင်းသန့်​ လက်​နှစ်​ဖက်​နဲ့
တွန်းထုတ်​လိုက်​တယ်​.....။

"တစ်​​ယောက်​​ယောက်​နဲ့ ယှဉ်​ပြီး ​ရွေးချယ်​ခံ
ရတာ​တွေ ကျွန်​​တော်​မုန်းတယ်​၊​နောက်​ဆုံး
မှာ ကျွန်​​တော်​ပဲ ကျန်​ရစ်​ခဲ့မှာ ပိုမုန်းတယ်​...."

မော့ကြည့်​ကာ ​ပြောလာတဲ့ အလင်းသန့်
မျက်​၀န်း​တွေက တည်​ငြိမ်​ပြတ်​သားလို့​နေတယ်​...။
အလင်းသန့်​ မျက်​၀န်းထဲက ​အေးစက်​မှု​တွေ
ကြောင့်​ လမင်းရိပ်​ ရင်​ဟာ တုန်​လှုပ်​လို့သွား
သည်​.....။

"ကိုယ်​....."

"ဒီ​လောက်​နဲ့ပဲ အဆုံးသတ်​လိုက်​ရ​အောင်​....
ကျွန်​​တော်​က ဘာလို့ ဒီလို အပြစ်​မျိုး ခံရမှာ
လည်း...ခင်​ဗျားကို ထပ်​ပြီး မမြင်​ချင်​​တော့ဘူး....."

ကျွန်​​တော့်​ကို ​ရွေးချယ်​မလား၊အဆုံးရှုံးခံမလား.....။
ကျွန်​​တော်​က ဒုတိယ ​အ​ရွေးချယ်​ခံမဟုတ်​ဘူး...။

"ကိုယ်​တို့​တွေ့ခဲ့တဲ့အချိန်​​တွေက ဘာမှမဟုတ်
ခဲ့ဘူးလား....ကိုယ်​တစ်​​ယောက်​ပဲ အခုလိုခံစား
ခဲ့ရတာလား....​ကျေးဇူးပြုပြီး အဲ့လိုလုပ်​ပါနဲ့
မင်းကိုယ့်​ကို မုန်းတယ်​....၊အရင်​လို ပြန်​မဖြစ်
နိုင်​ဘူးဆိုရင်​​တောင်​ မင်းအနားက​နေ ကိုယ့်​ကို နှင်​မထုတ်​လိုက်​ပါနဲ့....ကိုယ့်​အမှားက မင်းအ​ပေါ်ချစ်​ခဲ့မိတာ​လေး တစ်​ခုထဲပါ...."

ကျောခိုင်းလိုက်​တဲ့ အလင်းသန့်​ လက်​​လေးကို
လမင်းရိပ်​ ထပ်​ကာ ဆွဲလိုက်​သည်​.....။

"ကျွန်​​တော်​က ဒီအတိုင်း ခဏ၀င်​လာတဲ့ လူ
ပါ...."

အလင်းသန့်​ မျက်​၀န်းထဲမှ မျက်​ရည်​စက်​များ
သည်​ ချုတ်​ထိန်းနိုင်​သည့်​ အကန့်​အသတ်​အား
ကျော်​လွန်​၍ ကျဆင်းလာ​တော့သည်​.....။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now