{၂}

5.8K 273 6
                                    

Zawgi...

တစ်​​နေ့​တော့ ငါတို့ပြန်​ဆုံ​တွေ့အုန်းမယ်​လို့
မျှော်​လင့်​ပါတယ်​.....
အကယ်​၍များ ငါတို့ဖူးစာပါခဲ့မယ်​ဆိုရင်​​ပေါ့..

____

အလင်း​ရောင်​ မသဲကွဲ နှင်းကွဲချိန်​မကျတစ်​ကျ
အချိန်​တစ်​ခုရဲ့ မနက်​ခင်း​စော​စောကား အနီ​ရောင်​​ဆေးစက်​များ​ကြောင့်​ မလှပချင်​၊အချိန်​အ
ခါမဟုတ်​ ဥသြငယ်​ရဲ့ ခပ်​​ဆွေး​ဆွေး တမ်းတသံအား ​လှောင်​​ပြောင်​ သ​ရော်​လျက်​ မဲ့ပြုံးတစ်
ပွင့်​ဖြင့်​ နာကျင်​​နေသူတစ်​ဦး အလင်းမဲ့အိမ်​ငယ်​​လေးထဲ၌ရှိ​နေခဲ့သည်​။

"​ဒေါက်​...​ဒေါက်​...သားကြီး မင်းအိမ်​ထဲမှာ
မဟုတ်​လား...ငါတို့ဝင်​လာပြီ"

အ၀င်​၀တံခါးနှစ်​ချပ်​အား အားပါးပါးတွန်းဖွင့်
ရင်းဝင်​လာသူများက​တော့ ဤအိမ်​၏အ​မှောင်​ထဲ၌ကျင်​လည်​​နေသူများလို ​စေလိုရာ​နေရာသို့
တန်းတန်းမတ်​မတ်​သာ ဦးတည်​သွား​နေ​လေသည်​။

"မ​နေ့က မင်းလက်​လွန်​သွားတယ်​ဆို...."

အိမ်​အပြင်​မှဝင်​လာသူနှစ်​​ယောက်​ထဲမှ အနက်
ရောင်​၀ိုင်းဝန်းဝန်းဦးထုပ်​ကို ခပ်​ငိုက်​ငိုက်​​စောင်းထား​သော ထိုလူကတိုးဖွဖွ​မေးမြန်​​လေသည်​။

"မင်း ပွဲကြီးပွဲ​ကောင်းတစ်​ခုလွတ်​သွားတာ သိပ်
နာတာပဲ...ကျစ်​"

ကျန်​တစ်​​ယောက်​က လက်​ထဲမှမီးချစ်​ကိုတစ်
ထောက်​​ထောက်​ခြစ်​ရင်း မီးစာရှာ​ရင်းစကား
ထောက်​​လေသည်​။

"ချီးပဲ ငါ့​ကောင်​ မင်း လင်းနို့လား​ပြော..
ဘယ်​နှစ်​ခါ​ပြော​ပြောမရဘူး...အ​မှောင်​ထဲ
မ​နေစမ်းပါနဲ့ဆိုကွာ...."

အနီးရှိခုံအ၀ိုင်း​ပေါ်မှ ဖ​ယောင်းတိုင်​တိုတိုကို
မီးညှိပြီး​နောက်​ ယခုထိတိုင်​ ငြိမ်​သက်​၍​ကောင်း​နေစဲ သ​ကောင့်​သားအား ကုတ်​ပိုးမှ ခပ်​စက်​စက်​ ရိုက်​ချလိုက်​​လေသည်​။

"မင်း ​သွေးမရှိဘူးလား..."

ပထမဆုံးထွက်​လာ​သော ​ကြောင်​​တောင်​​တောင်​ နိုင်​လှသည့်​စကား​ကြောင့်​ ကျန်​နှစ်​​ယောက်
အကြည့်​ဆုံမိကြ​လေသည်​။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now