{၃၃}

2.1K 118 3
                                    

Zawgi....

ကျွိ.....

ရတုကို ​ကျော​ပေးထားတဲ့ ​မေ​မေ့​ကျောပြင်
က အစ​ ရတုအတွက်​ ​အေးစက်​​နေသလို ခံ
စားရတယ်​။အနီးကကုလားထိုင်​​လေးကို ​မေ
မေ့ကုတင်​အနားဆွဲယူပြီး ထိုင်​လိုက်​သည့်
တိုင်​​အောင်​ အခန်းတွင်းအ​ခြေအ​နေက ​အေး
စက်​​နေတယ်​။မေ​မေ နိုး​နေပြီမှန်း ရတု ကြိမ်း
သေ သိသည်​။

"​တောင်းပန်​ပါတယ်​........"

ရတု အသံမတုန်​​အောင်​ ကြိုးစားထိန်းရင်း
မေ​မေ ထပ်​ပြီး စိတ်​မပျက်​​စေရန်​ စိတ်​​လျော့
ထားရသည်​။

"အမှားလုပ်​ပြီးမှ ​တောင်းပန်​တာ ​မေ​မေ
ဘယ်​​လောက်​မုန်းလဲ မင်းသိလား မင်းမင်း"

"သားသိပါတယ်​ ​မေ​မေ ဒါ​ပေမဲ့ ပိုင်​စံလင်း
ပြောသွားခဲ့တာ အမှန်​​တွေလား ဆိုတာ​တော့
သားသိခွင့်​ရှိတယ်​ မဟုတ်​လား..."

ရတုကို ဆက်​ခနဲလှည့်​ကြည့်​လာတဲ့ ​မေ​မေ့
အကြည့်​​တွေက ​သွေးဆာ​နေတဲ့ သမန်းကျား
တစ်​​ကောင်​လိုပဲ သိပ်​ကို စူးရဲလွန်း​နေတယ်​။

"ဒါက မ​တော်​မှုတစ်​ခုပဲ မင်းမင်း..​နောက်
ပြီး မင်း​ဖေ​ဖေလည်း ဆုံးသွားပြီပဲ...​ဖေ​ဖေ
ရဲ့အမှုကိုပဲ အမှန်​​ပေါ်​အောင်​လုပ်​စမ်းပါ..."

"သား ဒီအ​ဖြေအတွက်​အများကြီး​ ​မျှော်
လင့်​ထားတာ...မဟုတ်​ဘူး ​မေ​မေ့ကို
အများကြီး ယုံကြည်​ခဲ့တာ ဆိုရင်​ ပိုမှန်
မယ်​...အခု​တော့ လူတစ်​​ယောက်​​သေသွား
တာကို မ​တော်​တဆလို့ ​မေ​မေက ခပ်​​အေး
အေး​ပြောနိုင်​တယ်​​နော်​...သား သား စံကို
ဘယ်​လိုမျက်​နှာပြရ​တော့မလဲ...ရက်
စက်​လိုက်​တာ...​မေ​မေရာ..."

မျက်​ရည်​​တွေနဲ့ ရတုကို ​ပျော့ညံ့လိုက်​တာ
ဆိုသည့်​ အကြည့်​​တွေနဲ့ ​မေ​မေက ချိုးနှိမ်
ကာ ကြည့်​​နေပြန်​တယ်​။

"​တော်​စမ်း ရတု...​ကောင်း​ကောင်းပြန်​​ပြော
နေလို့ ​ရောင့်​တက်​​နေတာလား ဟမ်​...မ​အေ
ကို တစ်​ခွန်း​တောင်​ပြန်​မ​ပြောဘူးတဲ့ က​လေး
က...​ယောက်ျားတစ်​​ယောက်​​ကြောင့်​ ငါ့ကို
ပြန်​​အော်​​နေတယ်​​ပေါ့ ဟုတ်​လား..ဟိုအ
ကောင်​က နင့်​ကို အဲ့​လောက်​​တောင်​ သတ္တိ
ရှိ​စေတယ်​​ပေါ့ ဟမ်​...နင့်​ကိုဘာ​တွေနဲ့များ
ပြုစားထားလို့လဲ..​ပြောစမ်းပါ ရတုမင်းရဲ့.."

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now