Zawgi...
စိမ်းဖန့် ဖန့်  လက်မငုတ်တို မြက်ပင်စိမ်းစိမ်း
လေးများက လေဝှေ့တိုင်း မလှုပ်တစ်လှုပ်
ယိမ်းနွဲ့ နေကြသည်။အစိမ်းရင့်ရောင် ညောင်ပင်အိုကြီးနဘေး၊
နှစ်ယောက်ထိုင်သစ်သား ခုံတန်းလေးရဲ့
ရှေ့ရှိ မျက်နှာခြင်းဆိုင် ရပ်နေကြသော
ကောင်လေးနှစ်ယောက်၏ မျက်လုံးများက
အရောင်တောက်နေခဲ့သည်။အသားဖွေးဖွေး၊ပါးဖောင်းဖောင်းနှင့်ကောင်
လေး၏ ဦးခေါင်းလေးမှာမြေကြီးထဲနစ်ဝင်မ
တက်ပင် ငုံ့လျှိုးလို့ထားသည့်အပြင်၊သွယ်
ယှက်ထားသော လက်ဖ၀ါးနှစ်ဖက်အားမီး
ပွင့်မတက် ပွတ်တိုက်လို့နေလေသည်။ရဲရဲ
နီနေသော ပါးမို့လေးများက ငုံ့လျိုးထား
သော ခေါင်းလေးကြောင့် သဲသဲကွဲကွဲ မြင်ရ
ခြင်းမရှိပေ။"ကျွန်တော့်ကို ချစ်တယ် မဟုတ်လား..
အကို"တွန်းတိုက်၊တိုက်ခတ်လို့သွားသော လေပြေ
ညင်းကြောင့်ပဲလား၊ညင်းသွဲ့သွဲ့သူ့အသံကြောင့်
ပဲလားမသိ၊ လက်ချောင်းတစ်လျောက်ရှိ
မွှေးညှင်းနုလေးများ ထောင်၍လာလေသည်။"ဟင်....ပြောလေအကို..ကျွန်တော့်ကိုမော့
ကြည့်ပါအုန်း...."မေးဖျားအားထိရင်း၊ခပ်သာသာစွဲမော့လိုက်
တဲ့ သူ့ ကြောင့် မမော့ချင်မော့ချင်နှင့်ပင်
ကျွန်တော့်မျက်နှာ မော့လိုက်ရလေသည်၊
မျက်ဝန်းတွေကတော့ သူ့အားမကြည့်ဖြစ်သေး။"အကို ကကျွန်တော့်ကိုမချစ်ဘူးလား...
ဟင်း....ကျွန်တော်နားလည်ပါပြီ..."ပျက်ယွင်းညိုးငယ်သွားသော မျက်နှာလေး
နှင့်အတူ ကျွန်တော့်အားထားရစ်ကာ၊ထွက်
ခွာဖို့ရန်ပြင်နေသော သူကြောင့် ကျွန်တော်
ယောက်ယက်ခတ် လာသည်။"အဲ့လိုမဟုတ်ဘူးလေ...ဟို..ငါက..
ငါလည်း...မင်းကို..ချစ် ချစ်ပါတယ်.."
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...