{၁}

11.2K 384 18
                                    

Zawgi....

အနက်​​ရောင်​လမ်းမထက်​ တစ်​လှိမ့်​လှိမ့်
ရွေ့လျားခုန်​​ပေါက်​​နေကြတဲ့ ​ရော်​ရွက်​၀ါ
တစ်​စုရဲ့ အထီးကျန်​စံ​ခြင်းသည်​ ​ယောင်
ဝါးဝါးဖြင့်​ လှပတင့်​တယ်​​နေသည်​။

အစိမ်း​ရောင်​ခပ်​စိပ်​စိပ်​ ကုက္ကိုရွက်​ကြားမှ
အားမန်​အပြည့်​ဖြင့်​ထိုး​ဖောက်​၀င်​​ရောက်
နေ​သော ​နေ​ရောင်​ခြည်​​နွေး​နွေးသည်​ အ
နက်​​ရောင်​လမ်းမထက်​ ဖြာကျ​တောက်​ပ
လျက်​ရှိ​နေသည်​။

ကုက္ကိုပင်​ကြီးတစ်​ဖက်​ ခပ်​လှမ်းလှမ်းရှိ
ယိုင်​နဲ့နဲ့အိမ်​ငယ်​​လေး၏ မီးဖို​ချောင်​ထဲ
၌ အရွယ်​နှင့်​မလိုက်​​သော ပင်​ပန်းဆင်း
ရဲမှုများ​ကြောင့်​ ခပ်​နွမ်းနွမ်းမျက်​နှာထက်
ကျပ်​ခိုးများကပ်​ငြိ​နေ​သော အမျိုးသမီး
ငယ်​တစ်​​ယောက်​ အလုပ်​ရှုတ်​လို့​နေသည်​။

ထို့​နောက်​....အိပ်​ခန်းထဲမှအသားလတ်
လတ်​နှင့်​ ချစ်​စဖွယ်​က​လေးငယ်​တစ်
ယောက်​ မျက်​လုံး​လေးများအား လက်
သေး​သေး​လေးများဖြင့်​ ပွတ်​သပ်​ရင်းထွက်
လို့လာ​လေသည်​။

"​မေ​မေ....."

"သားငယ်​.....​မေ​မေ့သား​လေးနိုးလာပြီ
လား....ခဏ​လေး​နော်​ သားငယ်​ ဒီထ
မင်းအိုး​လေးချပြီးရင်​ ​မေ​မေ သား​လေး
ကိုမျက်​နှာသစ်​​ပေးမယ်​​နော်​..."

"​ရတယ်​​မေ​မေ သားအရွယ်​​ရောက်​​နေ
ပါပြီ...ကိုယ့်​ဘာသာကိုယ်​ပဲ သစ်​လိုက်
မယ်​​လေ​နော်​..."

မပီတပီ တီတီတာတာ ​ပြောတက်​​သော
သူမသား​လေးအား​ငေးကြည့်​ရင်း သူမ
သ​ဘောတကျရယ်​​မောလိုက်​သည်​။

"အွန်း ဟုတ်​သား​နော်​ ​မေ့​မေ့သား​လေး
က ၆နှစ်​​တောင်​ပြည့်​ပြီးပြီဆို​တော့ လူကြီး
ဖြစ်​​နေပြီပဲ ဟုတ်​တာ​ပေါ့ ကဲကဲ လူကြီး
ပေါက်​စ​လေး မျက်​နှာသွားသစ်​လိုက်​ပါ
အုန်း​ ​နော်​ ​မေ​မေ့သား​လေးစားဖို့ ​မေ​မေ
ထမင်း​ကြော်​​ပေးထားတယ်​ ဟုတ်​ပြီလား"

"ဟုတ်​ကဲ့​မေ​မေ "

မျက်​လုံး​လေးများ ပိတ်​သွားမတက်​ ချစ်
စဖွယ်​ပြုံးပြ​ခေါင်းငြိမ့်​လျက်​ က​လေးငယ်
လေး အိမ်​​အောက်​သို့ ဆင်းသွား​လေသည်​။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now