(၃၅)+(၉)

Mulai dari awal
                                    

"မသွားပါနဲ့ ကိုယ့်​ကို ဒီအတိုင်းမထားခဲ့ပါနဲ့..."

လမင်းရိပ်​ အသံတို့ဟာ အက်​ကွဲလျက်​ တိုးဝင်
သွားကြသည်​....။
အလင့်​သန့်​ လက်​အားဆွဲထားသည့်​ လမင်းရိပ်
လက်​ကို ဖြုတ်​ချခဲ့ကာ ထို​နေရာမှ ထွက်​လာခဲ့
လိုက်​သည်​......။

"​တွေ့ခဲ့တာလား...."

ဆေးရုံအပြင်​မှာ ကားရပ်​ပြီးအဆင်​သင့်​​စောင့်
နေတဲ့ ​စေတန်​က ကားထဲဝင်​ထိုင်​လိုက်​တဲ့
အလင်းသန့်​ကို ​မေးလိုက်​သည်​....။

အလင်းသန့်​က လာရာလမ်းမှာ ပါးပြင်​​ပေါ်မှ
မျက်​ရည်​တို့အား ​ပြောင်​​အောင်​သုတ်​ကာ တည်​ငြိမ်​ဟန်​​ဆောင်​လိုက်​သည်​.....။

"အကို ငိုချင်​ရင်​ ငိုချလိုက်​ပါ.....အကို့ကို ဘယ်
သူမှ မကြည့်​ပါဘူး....."

အလင်းသန့်​ ​ခေါင်းခါကာ လက်​သီးတင်းတင်း
ဆုတ်​ပြီး တစ်​ဖက်​လှည့်​၍ အပြင်​ဖက်​ကိုသာ
ကြည့်​လိုက်​သည်​.....။
စေတန်​ သက်​ပြင်းချကာ ကား​လေးကို စတင်​၍ စက်​နိုးလိုက်​​တော့သည်​...။

ထို​နေ့မှစ၍ အလင်းသန့်​ ပြန်​လည်​ကာ တံခါး
ပိတ်​​လေ့ကျင့်​​ရေး(အခန်းပြင်​သို့ ထွက်​ခွာခြင်း
မရှိ​တော့) လုပ်​​တော့သည်​...။
စေတန်​ကို​တောင်​ အရင်​လို အလင်းသန့်​ ​သေ
ချာမ​တွေ့​တော့​ပေ....။

အစိမ်း​ရောင်​ အုတ်​တံတိုင်း ကာရံထားသည့်
ခြံ​လေး​ရှေ့တွင်​ အနက်​​ရောင်​ ကားတစ်​စီး
ရပ်​လိုက်​သည်​.....။

"လရိပ်​ ​သေချာလို့လား....ဒီအိမ်​ဆိုတာ...."

ကား​မောင်းသူ ​နေရာမှ လမင်းရိပ်​၏ လုပ်​​ဖော်
ကိုင်​ဖက်​က ကားရပ်​လိုက်​သည့်​ အိမ်​ထဲသို့
လှမ်းကြည့်​လိုက်​သည်​......။

"​ဒီတစ်​ခါ​တော့ ​သေချာပါတယ်​...."

လမင်းရိပ်​ သက်​ပြင်းချကာ ​ခေါင်းညိမ့်​ပြလိုက်
သည်​....။

"မင်း​သေချာတယ်​လို့ ​ပြော​နေတာ ဒီအိမ်​နဲ့ဆို
၆အိမ်​ရှိ​နေပြီ​နော်​....."

လုပ်​​ဖော်​ကိုင်​ဖက်​ သူငယ်​ချင်းက ​ခေါင်းကုတ်
ကာ နှာ​ခေါင်းရှုံ့  လိုက်​သည်​......။
လမင်းရိပ်​ ကား​ပေါ်မှ ဆင်းကာ ထိုခြံ​ရှေ့တွင်
အတန်​ကြာ ရပ်​​နေမိသည်​....။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Tempat cerita menjadi hidup. Temukan sekarang