စာစဉ် ၃၆ ( ၇ - ၁၂ )

Start from the beginning
                                    

“ငါငါငါ-ငါလခွမ်း….”

တောင်ကုန်းထိပ်ဆီကနေ ကြေကွဲနေသည့်အသံကြီးတစ်သံ ပဲ့တင်ထွက်လာသည် ။

“ဘုန်း”

အမည်မရှိသောနန် သစ်ပင်ပေါ်ကနေ မြေကြီးပေါ်က သစ်ရွက်တွေပေါ်သို့  အရှိန်ပြင်းပြင်းပြုတ်ကျလာချေပြီ ။

အမည်မရှိသောနန်က အံကိုကြိတ်လိုက်ပြီး
အုတ်သယ်သည့်နိုင်ငံခြားသား အား ကြည့်လိုက်ကာ ။
“ချစ်စရာလေး…ဘာလို့  ငါ့ကို မပြောတာလဲ”

ချစ်စရာလေးသည် အလွန်ပင် အရိုးခံလေးဟန် အပြစ်ကင်းစင်ပုံဖြင့် ။ 
“ကျွန်တော် ပြောပါတယ်…ကပ္ပတိန်ကမှ အရေးမစိုက်တာ”

အမည်မရှိသောနန်သည် ဒေါသတို့ ကြောင့် မြေကြီးပေါ်
ဆွေ့ ဆွေ့ ခုန်နေပြီး ထိုအေးခဲနေသည့်မျက်နှာလေးအား ကြည့်လိုက်ကာ..
“မင်း…မင်း ဘယ်လိုလုပ် ငါ့ကို ရှာတွေ့ သွားတာလဲ ။
မင်းရဲ့အရှာစွမ်းရည် က ဒီအဆင့်ထိတောင် ရောက်နေပြီလား ။ ငါလခွမ်း ဘောပဲ ချီးပဲ ။ မင်း လူကော ဟုတ်သေးရဲ့လား”

မကောင်းဆိုးဝါးလေးက မြေကြီးပေါ်တွင် ရှိနေသည့် အမည်မရှိသောနန် အား စိတ်ပျက်လက်ပျက် ကြည့်လာသည် ။“ဦးလေးကို ရှာတွေ့ ဖို့ များ အစွမ်းအစရှိဖို့  လိုသေးလို့ လား”

အမည်မရှိသောနန် ဒေါသထောင်းခနဲ ထွက်သွားချေပြီ ။
“ဟေး ဟေး ဟေး…ငါ့ကို အထင်မသေးစမ်းနဲ့ ဟုတ်ပီလား ။ ငါ မင်းကို ပြောပြလိုက်မယ် - ဒီနေ့ ဒီအချိန်အထိ ပုန်းတဲ့နေရာမှာ င့ါစံချိန်ကို ချိုးနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး ။ ငါ ဘယ်သူ့ ကိုမှ ရှာမတွေ့ စေချင်ဘူး ဆိုရင် ဘယ်သူကမှ ငါ့ကို ရှာတွေ့ မှာမဟုတ်ဘူး”

အမည်မရှိသောနန်သည် ထိုစကားအား လုံးဝကို ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုနေခြင်းပင် ။

မကောင်းဆိုးဝါးလေး ။  “ဦးလေး ဘယ်မှာဆိုတာကို တစ်ယောက်ယောက် ပြောပြခဲ့တာ ။ ဒီတော့ ကျွန်တော့်အနေနဲ့  ဦးလေးရဲ့ စံချိန်ကို ချိုးစရာကို မလိုဘူး”

အမည်မရှိသောနန် အံ့အားသင့်သွားချေပြီ ။
“ဘာရယ်….။ တစ်ယောက်ယောက်က ပြောပြတယ်..။
မဟုတ်တာ…မဖြစ်…မဖြစ်နိုင်ပါဘူးနော် ။
ငါတို့ အဖွဲ့ သား တိုင်းက အရမ်းကို ရိုးသားပြီးတော့ ယုံကြည်စိတ်ချရတဲ့သူတွေချည်းပဲ ။ ပိုက်ဆံကြောင့်နဲ့  သူတို့  စိတ်ယိုင်သွားမှာ မဟုတ်သလို မကောင်ဆိုးဝါးအဖွဲ့ ကြီးထဲ အပို့်ခံရရင်တောင်မှ ထုတ်ပြောကြမှာမဟုတ်ဘူး”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now